နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

Y1 နှင့် 999 တံဆိပ် စိတ်ကြွဆေးပြားတွေ သျှမ်း-ထိုင်းနယ်စပ် မယ်ဆိုင်မြို့နယ်အတွင်း ဖမ်းမိ

Y1 နှင့် 999 တံဆိပ် စိတ်ကြွဆေးပြားတွေ သျှမ်း-ထိုင်းနယ်စပ် မယ်ဆိုင်မြို့နယ်အတွင်း ဖမ်းမိ

Hsan Loi Editor
10/10/2023
Share:

 

တာချီလိတ်နှင့်ကပ်လျက်ရှိသော မယ်ဆိုင်မြို့နယ် ပုံငန်းနယ်မြေ ဘန့်ဆန်ကလစ်ထောင်းတွင် ထိုင်းစစ်တပ်နှင့် မူးယစ်ဆေးဝါးကုန်ကူးသည့်အဖွဲ့တို့ ယမန်နေ့က ၅ မိနစ်ကြာ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း ထိုင်းတပ်မတော်ဘက်က ထုတ်ပြန်ခဲ့သည်။

 

မူးယစ်ကုန်ကူးသည့်အဖွဲ့ ၅-၆ ဦးခန့်က စိတ်ကြွဆေးပြားများကို ပြစ်ထားခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟုဆိုသည်။

 

ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားသည့်နေရာကို ထိုင်းစစ်တပ်က လာရောက်ကြည့်ရူ့ရာ Y1 တံဆိပ် စိတ်ကြွဆေးပြား ၁ သိန်း၊ 999 တံဆိပ် စိတ်ကြွဆေးပြား ၄ သိန်း သိမ်းဆည်းရမိခဲ့သည်။

 

Y1 တံဆိပ် စိတ်ကြွဆေးပြားများကို လာအိုဘက်ခြမ်း၌ပါ မကြာခဏဖမ်းဆီးရမိကြောင်း လာအိုရဲတပ်ဖွဲ့က မကြာသေးမီရက်ပိုင်းအတွင်းက ထုတ်ပြန်သည်ကို တွေ့ရသည်။

 

888 တံဆိပ် စိတ်ကြွဆေးပြား ၂ သန်းကိုလည်း ထိုင်းမူးယစ်အဖွဲ့က ချင်းရိုင်းခရိုင်နယ်မြေအတွင်း စက်တင်ဘာလ ၂၇ ရက်နေ့က ထိုင်းအမျိုးသားတဦးကို အိမ်စီးကားတစီးနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။

 

888 တံဆိပ် စိတ်ကြွဆေးပြားများသည် မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲရှိ UWSA 171 မှလည်း ဖြတ်သန်းပေးပို့ကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်ဖူးသည်။

 

Ref: Maesaipress, Royal Thai army