မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား

မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင်

မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင်

Hsan Loi Editor
27/04/2026
Share:
မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေလျှံမှုကြောင့် ယာဥ် ၁ စီး ရေစီးနဲ့အတူ မျှောပါသွားပြီး ယာဥ်ပေါ်ပါ လူ ၁၉ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရပါတယ်။
ယမန်နေ့ ဧပြီလ ၂၆ ရက် ညနေပိုင်း ၅ နာရီကျော်အချိန်က မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ကျောက်ပန်းတောင်း−ပုပ္ပား လမ်းမပေါ်ရှိ ဆည်ပေါက်ချောင်း ရေလျှံတက်လာတာကြောင့် ရေကျော်လမ်းကို ဖြတ်မောင်းတဲ့ ခရီးသည်ယာဥ်တစ်စီး ရေစီးထဲ မျှောပါသွားတာဖြစ်ပါတယ်။
ရေစီးထဲ မျှောပါသွားတဲ့ ခရီးသည်တင်ယာဥ်ပေါ်မှာ ခရီးသည်တွေ ပိတ်မိနေပြီး ကျောက်ပန်းတောင်းမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ကူညီ ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ပြီး ယာဥ်ပေါ်ပါ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁၁ နဲ့ ကလေး ၃ ဦး စုစုပေါင်း ၁၉ ဦးကို ညနေ ၆ နာရီခွဲအချိန်မှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ခရီးသည်ယာဥ်ပေါ်မှာ ကိုယ်ဝန်ဆောင်တစ်ဦးလည်း ပါဝင်တယ်လို့ သိရပြီး ခရီးသည်အားလုံး ဘေးကင်းတယ်လို့ သိရပါတယ်။
Video – Credit to owner