နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

Work Permit မရှိတဲ့ နိုင်ငံခြားသားအလုပ်သမားများ ခန့်အပ်ခြင်းမပြုရန် အလုပ်ရှင်များကို ထိုင်းအစိုးရက သတိပေး

Work Permit မရှိတဲ့ နိုင်ငံခြားသားအလုပ်သမားများ ခန့်အပ်ခြင်းမပြုရန် အလုပ်ရှင်များကို ထိုင်းအစိုးရက သတိပေး

Hsan Loi Editor
06/09/2026
Share:
ထိုင်းနိုင်ငံတစ်ဝန်းရှိ အလုပ်ရှင်တွေအနေနဲ့ တရားဝင်အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိတဲ့ နိုင်ငံခြားသားအလုပ်သမားများ ခန့်အပ်တာ၊ ခွင့်ပြုထားတဲ့ အလုပ်အကိုင် မဟုတ်တဲ့ အလုပ်ကို လုပ်ကိုင်စေတာတွေကို မပြုလုပ်ဖို့ ထိုင်းအစိုးရက သတိပေးထားပါတယ်။

ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းရှင်တွေ ဖျောက်ဖျက်ကျုးလွန်ပါက အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား အလုပ်သမား တစ်ဦးစာအတွက် ဘတ် ၁ သောင်း မှ ဘတ် ၁ သိန်း အထိ ဒဏ်ငွေချမှတ်နိုင်ပြီး ထပ်မံကျူးလွန်ပါက ပြင်းထန်တဲ့ ပြစ်ဒဏ်တွေပါ ချမှတ်ခံရနိုင်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံခြားသားအလုပ်သမားတွေကိုလည်း ဘတ် ၅ ထောင် မှ ဘတ် ၅ သောင်း အထိ ဒဏ်ငွေ ချမှတ်နိုင်တဲ့အပြင် ပြည်နှင်ဒဏ်ပေးခံရနိုင်တယ်လို့ ဆိုပါတယ်။

ထိုင်းအလုပ်သမားရေးရာ တာဝန်ရှိသူတွေရဲ့ စစ်ဆေးချက်အရ ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ထိုင်းနိုင်ငံ တစ်ဝန်းရှိ လုပ်ငန်းပေါင်း ၇၄,၀၀၀ ကျော်မှာ ထိုင်းနိုင်ငံသားများအတွက်သာ သတ်မှတ်ထားတဲ့ အလုပ်အကိုင်တွေမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမား ၁,၇၀၀ ကျော် တွေ့ရှိခဲ့ တယ်လို့ သိရပါတယ်။
Ref; The Thaiger