နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

VPN အကြောင်းပြပြီး သျှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် စစ်ကောင်စီအဖွဲ့ဝင်များ ငွေညစ်မှုများရှိနေ

VPN အကြောင်းပြပြီး သျှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် စစ်ကောင်စီအဖွဲ့ဝင်များ ငွေညစ်မှုများရှိနေ

Hsan Loi Editor
15/06/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ယမန်နေ့ ဇွန်လ (၁၃) ရက်နေ့ကစပြီး စစ်ကောင်စီအဖွဲ့ဝင်နှင့်ရဲတပ်ဖွဲ့ဝင်များက မြို့တွင်းရှိ လူစည်ကားရာနေရာများ၌ ပြည်သူလူထုများ၏ ဖုန်းများကို စစ်ဆေးပြီး ငွေညစ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဆိုက်ဘာလုံခြုံရေး ယနေ့အထိ တရားဝင်အတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း ရဲနှင့်စစ်သားများက ပြည်သူလူထု၏ ဖုန်းများအတွင်း VPN တွေ့ရှိပါက ခြိမ်းခြောက်ငွေညစ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

 

တောင်ကြီးမြို့ မြို့မဈေး၊ Ocean Super Market ၊ ဗိုလ်ချုပ်ပန်းခြံ၊ တောင်ကြီးတက္ကသိုလ်အနီးရှိ ဧရာဝတီကဖေးလမ်းထောင့် စသည့်နေရာများ၌ စစစ်ကောင်စီအဖွဲ့ဝင်များက စောင့်ဆိုင်းစစ်ဆေးနေခြင်းဖြစ်သည်။

 

“ ရဲတွေ စစ်သားတွေ ဖုန်းယူမစစ်တော့တာ ကြာနေပြီဆိုတော့ လူတွေလည်းပုံမှန်အတိုင်းသွားလာနေကြပြီပေါ့။ အခုမှ ဖုန်းတွေကောက်စစ်ပြီး ဖုန်းထဲက ဓာတ်ပုံတွေရော VPN ဆော့ဝဲလ် တွေ့ရင်ရော ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်ပြောနေတာလေ။ အဖမ်းမခံချင်ရင် ငွေဒဏ်ပေးဆောင်ရမယ်လို့လည်းပြောသံကြားနေရတယ်။” ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောပြသည်။

 

လက်ကိုင်ဖုန်းအတွင် VPN တစ်ခုတွေ့ရှိပါက (၅) သောင်းကျပ်ပေးဆောင်ခိုင်းပြီး၊ (၅) ခုတွေ့ရှိပါက (၂)သိန်းခွဲကျပ်အထိ ပေးဆောင်ခိုင်းကြောင်း စုံစမ်းသိရှိရသည်။