ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

UWSA အနေနဲ့ ငလျင်ဘေးသင့် ပြည်သူတွေအတွက် ကျပ်သန်း (၂၀၀၀) ကူညီမည် ၊ မည်သို့ လှူဒါန်းသွားမည်ကို ရှင်းရှင်းလင်းလင်းဖော်ပြထားခြင်းမရှိ 

UWSA အနေနဲ့ ငလျင်ဘေးသင့် ပြည်သူတွေအတွက် ကျပ်သန်း (၂၀၀၀) ကူညီမည် ၊ မည်သို့ လှူဒါန်းသွားမည်ကို ရှင်းရှင်းလင်းလင်းဖော်ပြထားခြင်းမရှိ 

Hsan Loi Editor
29/03/2025
Share:

 

ယမန်နေ့က လှုပ်ခတ်သွားတဲ့ အင်အားပြင်း ငလျင်ဘေးသင့် ပြည်သူတွေအတွက် “ ဝ” ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA)မှ ကျပ်သန်း (၂၀၀၀) ကူညီထောက်ပံ့ပေးသွားမယ်လို့ UWSA က ယမန်နေ့ ညပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

 

သို့ပေမယ့် ထုတ်ပြန်ချက်ထဲတွင် မည်သို့ မည်ပုံလှုဒါန်းသွားမည်ကို ရှင်းရှင်းလင်းလင်း ထည့်သွင်းဖော်ပြ ထားတာမရှိပါဘူး။

 

လက်ရှိမြန်မာနိုင်ငံသည် ပြည်တွင်းပဋိပက္ခဒဏ်ကို ကြုံတွေ့နေရဆဲဖြစ်ပြီး တစ်ဆက်တည်းမှာပဲ ယခုလို ကြီးမားတဲ့ သဘာဝဘေးဒဏ်ကို ထပ်မံခံစားရတဲ့အတွက် ပြည်သူများနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပြီး ကယ်ဆယ်ရေးလုပ်ငန်းများအတွက် တတ်နိုင်တဲ့ဖက်ကနေ အကောင်းဆုံး ကြိုးစားဆောင်ရွက်သွား မယ်လို့ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် သဘာဝဘေးဒဏ်ကို ရင်ဆိုင်နေရချိန်မှာ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာအဖွဲ့ အစည်းအားလုံးတို့ကို လူသားချင်းစာနာထောက်ထားမှု စိတ်ဓာတ်ဖြင့် လက်ရှိနိုင်ငံရေး၊ စစ်ရေး အငြင်းပွားမှုကိစ္စရပ်တွေကို ခဏရပ်စဲပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အားလုံးပါဝင်လုပ်ဆောင်ဖို့ကို လည်း UWSA က တိုက်တွန်းထားပါတယ်။