ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

Update*

Update*

Hsan Loi Editor
13/11/2023
Share:

 

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မန်ခါကျေးရွာအုပ်စု ဟဲပုအောက်ရွာထဲကို မနေ့က ညနေ ၄-၅ နာရီဝန်းကျင်မှာ လက်နက်ကြီး အနည်းဆုံး ၃ လုံး ကျလို့ အရပ်သားနေအိမ် ၃ လုံးထိခိုက်ပျက်စီးသွားတယ်လို့ သတင်းရရှိပါတယ်။

 

ဟဲပုအောက်ရွာ အပေါ်ရွာက ရွာခံတွေကတော့ မန်ခါရွာမကြီးထဲက ဘုန်းကြီးကျောင်းကို ပြေးလာကြတာရှိသလို မြို့ပေါ်ကို ထွက်လာတဲ့ရွာခံတွေ အများအပြားလည်း ရှိပါတယ်။

 

ဟဲပုရွာအောက်ရွာအထွက် သုသာန်ထဲမှာ လွန်ခဲ့တဲ့ ၃ ရက်လောက်က မြေမြုပ်မိုင်းလာမြုပ်ထားတဲ့အကြောင်း TNLA အဖွဲ့က ရွာသားတွေကို အသိပေးအကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

 

TNLA အဖွဲ့တွေဟာ ဟဲပုအောက်ရွာအနောက်ဘက် တောင်ကြောတလျှောက်နဲ့ ကြူရှောအတက်မှာ နေရာယူထားကြတယ်လို့ သိရပါတယ်။

 

ပုံမှန်အားဖြင့် ကျောက်မဲ အမြှောက်တပ်က ပစ်လိုက်တဲ့လက်နက်ကြီးသံဟာ တမြို့လုံးနီးပါး အသံကျယ်ကျယ်လောင်လောင် တချက်ချင်းစီကြားရတတ်ပါတယ်လို့ ပြောပါတယ်။ မနေ့က လက်နက်ကြီးအသံကတော့ ဘာမှမသိလိုက်ပဲ ကျလာတာလို့ ပြောနေကြပါတယ်။

 

ကနေ့မနက်လည်း (နိုဝင်ဘာလ ၁၃ ရက်) လက်နက်ကြီးသံ ၂ ကြိမ် ရွာကနေကြားရတယ်လို့ ရွာသားတချို့က အတည်ပြုပါတယ်။