နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

TNLA နှင့် စစ်ကောင်စီတို့​၏ တိုက်ပွဲကြောင့် စယ်လန့်ဘုန်းကြီးကျောင်းလက်နက်ကြီးကျည်ထိမှန်ခဲ့သလို ကျေးရွာတွင်း လူနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့

TNLA နှင့် စစ်ကောင်စီတို့​၏ တိုက်ပွဲကြောင့် စယ်လန့်ဘုန်းကြီးကျောင်းလက်နက်ကြီးကျည်ထိမှန်ခဲ့သလို ကျေးရွာတွင်း လူနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့

Hsan Loi Editor
30/08/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်စယ်လန့်ကျေးရွာတွင် ယမန်နေ့ညက စစ်ကောင်စီတပ်နှင့် TNLA တို့အပြန်အလှည် ပစ်ခတ်မှုကြောင့် ရွာအတွင်းရှိ ဘုန်းကြီးကျောင်း လက်နက်ကြီးကျည်ထိမှန်ပြီး ပျက်စီးခဲ့သလို ကျေးရွာအတွင်းရှိ လူနေအိမ် (၂) လုံးလည်း လက်နက်ကြီးကျည်ထိမှန်ပြီး မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း သိရရှိရသည်။

စယ်လန့်တောင်ပိုင်း ဘုန်းကြီးကျောင်းဝင်းအတွင်း လက်နက်ကြီးလက်နက်ငယ် ကျည်ရာများစွာတွေ့ရမည်ဖြစ်ပြီး မပေါက်ကွဲသေးသော လက်နက်ကြီးကျည် တစ်လုံးလည်း ကျောင်းဝင်းထဲတွင် စိုက်နေသည်ကိုလည်း တွေ့ရသည်။

“ မနေ့မနက်ပိုင်းကနေ ညပိုင်းအထိ စယ်လန့်မှာ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ကိုဖြစ်ခဲ့တာပေါ့။ ရွာတောင်ပိုင်းဘုန်းကြီးကျောင်းဝင်းအထိ TNLA တွေရောက်လာပြီး ကျောင်းဝင်းကို အကာအကွယ်ယူတော့ စစ်ကောင်စီတွေက လက်နက်ကြီးတွေနဲ့ပစ်လို့ ဘုန်းကြီးကျောင်းလည်း တော်တော်ပျက်စီးသွားတယ်။ ညက ရွာထဲကို လက်နက်ကြီးကျည်ထိပြီး လူနေအိမ်တွေပေါ်ကျလို့ အိမ် ၂ အိမ်မီးလောင်ပျက်စီးသွားတယ်။ မနေ့ညကတော့ တစ်ညလုံး အပြန်အလှန်ပစ်ခတ်နေကြတာ မူဆယ်ထိတောင် လက်နက်ကြီးသံတွေကြားနေရတာပါ။” ဟု စယ်လန့်ဒေသခံတစ်ဦးက ပြောပြသည်။

ယနေ့နံနက်ပိုင်းတွင် တိုက်ပွဲသံ ငြိမ်သက်နေသော်လည်း ၂ ဖက်တပ်များ စစ်ရေးတင်းမာနေဆဲဖြစ်သည်။

လက်ရှိတွင် ဟိုနားဘုန်းကြီးကျောင်း၌ ပန်ဆတ်ရွာနှင့် နမ့်ကတ်ရွာမှ လာရောက်ခိုလှုံသည့် စစ်ဘေးရှောင်မိဘပြည်သူ (၁၈၉) ဦး ရောက်ရှိတိမ်းရှောင်နေသည်ဟု သတင်းရရှိသည်။