နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

TNLA နဲ့ မဟာမိတ် KIA တို့အကြား မြေပြင်ပဋိပက္ခများ မကြီးထွားလာစေရန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သွားရမယ်လို့ TNLA စစ်ဦးစီးချုပ် တိုက်တွန်း 

TNLA နဲ့ မဟာမိတ် KIA တို့အကြား မြေပြင်ပဋိပက္ခများ မကြီးထွားလာစေရန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သွားရမယ်လို့ TNLA စစ်ဦးစီးချုပ် တိုက်တွန်း 

Hsan Loi Editor
01/03/2025
Share:

 

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ မဟာမိတ် KIA တို့အကြား မြေပြင်ပဋိပက္ခများ မကြီးထွားလာစေရန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သွားရမယ်လို့ TNLA စစ်ဦးစီးချုပ်က တိုက်တွန်းထားတယ်လို့ သိရပါတယ်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က မန်တုံမြို့နယ် လူထုတွေ့ဆုံပွဲမှာ PSLF/TNLA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိူဝ်ပ္လါင် က အထက်ပါအတိုင်း ပြောကြားတာဖြစ်ပါတယ်။

 

ဒါ့အပြင် မိမိတို့ မဟာမိတ်နှစ်ဖွဲ့အကြား အပြန်အလှန်အသိအမှတ်ပြုရန်နဲ့ မဟာမိတ်တည်တံ့ခိုင်မြဲစေရန် နှစ်ဖက်တပ်က ပူးပေါင်းဆောင်ရွက်သွားရမည့်အချိန်ဖြစ်ပြီး မဟာမိတ် ကတိကဝတ်ကို ရှေးရှု၍ မဟာမိတ်ကြား မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားလာစေရန် မဟာမိတ်နှစ်ဖက်လုံးမှ သတိထားဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ဆက်ဆံရေးတင်းမာမှုများအား ညှိနှိုင်းဖြေရှင်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဖေဖော်ဝါရီလ ၂၇ ရက် နေ့လည်ပိုင်းက မန်တုံမြို့နယ်၊ မန်မောက်ရွာရှိ KIA တပ်စခန်းကို TNLA တပ်ဖွဲက သွားရောက်စီးနင်းပြီး နှစ်ဖက်တပ်ဖွဲ့ ထိုးကြိတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရပါတယ်။

 

သျှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA နဲ့ KIA တို့အကြား နယ်မြေအငြင်းပွားမှုများ မကြာခဏဖြစ်ပေါ်နေတာပဲဖြစ်ပါတယ်။