နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

TNLA တပ်ဖွဲ့၏ လုပ်ရပ်ကို ထိန်းကြောင်းပေးဖို့ UWSA အား SSPP စာပို့အကူအညီတောင်း

TNLA တပ်ဖွဲ့၏ လုပ်ရပ်ကို ထိန်းကြောင်းပေးဖို့ UWSA အား SSPP စာပို့အကူအညီတောင်း

Hsan Loi Editor
08/07/2024
Share:

 

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၏ လုပ်ရပ်များကို ကူညီထိန်းကြောင်းပေးရန် “ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSP/UWSA) စစ်ဦးစီးချုပ် ဦးကျောက်ကျုံးတန်းကို ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)မှ ဇူလိုင်လ(၆)ရက်နေ့ ရက်စွဲဖြင့် စာပို့ အကူအညီတောင်းဆိုခဲ့ကြောင်းသိရသည်။

 

အဆိုပါ စာထဲတွင် မဟာမိတ် PSLF/TNLA တပ်ဖွဲ့များသည် မိမိတို့ SSPP/SSA တပ်ဖွဲ့များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၅ ရက်နေ့တွင် (ပူးတွဲနောက်ဆက်တွဲတွင် တင်ပြထားသည့်အတိုင်း) ၄ ကြိမ်တိုင်တိုင် အစီအစဉ်ရှိရှိဖြင့် တစွတ်ထိုး ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့ရပါသည်ဟု ဖော်ပြထားပါသည်။

 

ထို့အပြင် မဟာမိတ် PSLF/TNLA နှင့် မိမိတို့ SSPP/SSA ဆက်ဆံရေး အခြေအနေကို မဟာမိတ် UWSP/UWSA နှင့် မိမိတို့ SSPP/SSA ဆက်ဆံရေးကဲ့သို့ အပြန်အလှန် လေးစားမှုနှင့် ကူညီဖေးမမှု ရှိခြင်းများ ဖြင့် ရှေ့ဆက်ချီတက်သွားနိုင်ရေးအတွက် UWSP/UWSA လူကြီးမင်းများ၏ ကူညီထိန်းကြောင်းပေးမှုများ အထူးလိုအပ်လျက်ရှိပါသည်ဟု SSPP/SSA ဒုတိယဥက္ကဋ္ဌ(၁) စောဝ်ခေးတိုင်း လက်မှတ်ရေးထိုး ပေးပို့ခဲ့သော စာထဲတွင် ဖော်ပြထားပါသည်။

 

TNLA သည် ကျောက်မဲနှင့် နောင်ချိုမြို့နယ်များအတွင်းရှိ SSPP စစ်စခန်းများကို တိုက်ခိုက်ခဲ့၍ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့သလို သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ SSPP တပ်ဖွဲ့ဝင်များအား တပ်ပြောင်း ရွှေ့ခိုင်းမှုများလည်း ပြုလုပ်ခဲ့ကြောင်းသိရသည်။

 

သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲ၊ နောင်ချိုနှင့် သီပေါမြို့နယ်အတွင်းမှာနယ်မြေအငြင်းပွားကာ နှစ်ဖက် တပ်ဖွဲ့ စစ်ရေးတင်းမာလျက်ရှိကြောင်းသိရပါသည်။