ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

SSPP/SSA နှင့် MNDAA သိန္နီမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ဟုဆို

SSPP/SSA နှင့် MNDAA သိန္နီမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ဟုဆို

Hsan Loi Editor
28/03/2024
Share:

 

၂၀၂၄ ခုနှစ် မတ်လ(၂၆)ရက်နေ့နှင့် မတ်လ(၂၇)ရက်နေ့က သျှမ်းပြည်နယ်မြောက် သိန္နီမြို့နယ်အတွင်းရှိ SSPP ၏ ထိန်းချုပ်နယ်မြေတစ်နေရာ၌ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။ မတ်လ (၂၆)ရက်နေ့ ညနေပိုင်းတွင် MNDAA က တိုက်ခိုက်ရေးဒရုန်းများ အသုံးပြုပြီး သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာအုပ်စုနှင့် စယ်အူကျေးရွာအုပ်စုအတွင်းရှိ SSPP စစ်ကြောင်းအား ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း SSPP info က ဖော်ပြထားသည်။

 

အဲ့ဒီနောက် စယ်အူကျေးရွာအုပ်စု ကုန်းညောင်ကျေးရွာအနီးတွင် MNDAA နှင့် SSPP အဖွဲ့တို့ ၁၀ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ မတ်လ(၂၇)ရက်နေ့တွင်လည်း MNDAA တပ်ဖွဲ့အင်အား (၂၀၀)ခန့်က ဒရုန်းဖြင့် အကြိမ်(၅၀)ခန့်အပြင် SSPP တပ်ဖွဲ့များထံ ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်ဟုဆိုသည်။

 

စစ်ဆင်ရေး (၁၀၂၇)နောက်ပိုင်း စစ်ကောင်စီထံမှ တိုက်ခိုက်သိမ်းပိုက်ထားသော နယ်မြေများအတွင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် ဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့များ စစ်ရေးထိတွေ့မှုများ မကြာခဏဖြစ်ပွားလာသည်ကို တွေ့ရသည်။ နမ့်ခမ်းမြို့နယ်နှင့် မန်တုံမြို့နယ်အတွင်းတွင်လည်း KIA နှင့် TNLA အဖွဲ့တို့သည် မတ်လအတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

 

ယခုလို FPNCC အဖွဲ့ဝင်အချင်းချင်း ထိတွေ့တိုက်ပွဲဖြစ်ပွားလာသည်ကို ဒေသခံများက စိုးရိမ်လျက်ရှိသည်။ SSPP နှင့် MNDAA တို့ ထိတွေ့တိုက်ပွဲနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်ဖြင့်သာ ပြဿနာကို ဦးစွာဖြေရှင်းသွားမည်ဖြစ်ကြောင်း SSPP ဘက်က ထုတ်ပြန်ဖော်ပြထားသည်။