ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
မကြာသေးမီက SSPP အဖွဲ့မှ စဝ်ခေးတိုင်း၊ စဝ်ဆုတို့ ဦးဆောင်သော အဖွဲ့သားများသည် မိုင်းလား NDAA သို့ ရောက်ရှိသွားခဲ့ကြပြီး RCSS အဖွဲ့က ကမ်းလှမ်းထားသော တွေ့ဆုံဆွေးနွေးရေးကိစ္စအတွက် မဖြစ်နိုင်ကြောင်း မိုင်းလား အဖွဲ့ခေါင်းဆောင်အချို့ထံ ပြောကြားခဲ့သည်ဟု ကြားသိရသည်။
ယင်းမတိုင်မီ ၂၀၂၂ ခုနှစ် နှစ်ကုန်အထိလည်း RCSS ဘက်သို့ SSPP ဘက်က မည်သို့မျှပြန်လည်တုန့်ပြန် ပြောဆိုခဲ့ခြင်း မရှိကြောင်း သိရသည်။
လွန်ခဲ့သော ၂၀၂၃ ခု၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း သျှမ်းလူမျိုးများ လူသိများသည် “ စိုင်းတိုင်းအွမ် လွိုင်ခေါ်” SSPP ၏ အမာခံဆယ်လီ ဖေ့စဘုတ်စာမျက်နှာမှ ဗွီဒီယို မှတ်တမ်းတို တခုတင်လိုက်ပါသည်။ ဗွီဒီယိုထဲတွင် အဖမ်းခံထားရသော RCSS စစ်သည်များကို ထိပ်တုံးများဖြင့် ချုပ်နှောင်ထားခြင်းနှင့် ၎င်းတို့၏ လက်များကို နောက်ပြန်ကြိုးတုပ်ထားပုံ တွေ့ရပါသည်။ ယခင်က SSPP တရားဝင်အကောင့်က တင်လေ့ရှိခဲ့သော်လည်း နောက်ပိုင်း ဆယ်လီအကောင့်များဖြင့်သာ စိတ်ဓါတ်စစ်ဆင်ရေးလုပ်ဆောင်လာသည်။
RCSS စစ်သည်အချို့က “၂၀၂၁ ခု သျှမ်းမြောက် ကျောက်မဲဒေသ၌ စတင်ဖြစ်ပွားသောတိုက်ပွဲများအတွင်း 198 တပ်ရင်းက စစ်သည်များ ဖြစ်၍ အားလုံးအသတ်ခံလိုက်ရပြီဟု ယူဆကြောင်း ပြောပါသည်။ ယခု တပ်ရင်း 249 ဟုဆိုသည်။
တဖက်တွင် အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတခု (UWSA အဖွဲ့) ဖြစ်ဟန်တူသော အဖွဲ့တဖွဲ့က မီးဖိုဘေး၌ တစုံတခုထိုင်စားနေကြပြီး တရုတ်စကား ပြောဆိုနေကြသည်ကို တွေ့နေရ ကြားနေရသည်။
“လက်နက်ကြီး ပြောင်းအကြီးတွေဘယ်နှစ်ပြောင်းလဲ၊ ကော်ဂျီဘယ်နှစ်လက်လဲ ၂ လက်မလား? စက်သေနတ် ဘယ်နှစ်လက်လဲ ခြေထောက်ပါတဲ့ဟာလေ ဟု” UWSA ဝ စစ်သား သျှမ်းစကားပြောသော လေသံဖြင့် အဖမ်းခံထားရသော RCSS စစ်သည်ကို မေးမြန်းနေသည်ကို တွေ့မြင်ရပါသည်။
အဖမ်းခံထားရသော RCSS စစ်သည် ၁၀ ဦးထက်မနည်း တွေ့ရပြီး အချို့သည် ဒဏ်ရာရရှိထားဟန်တွေ့မြင်ရပါသည်။
မည်သည့်အချိန်ကာလ၊ မည်သည့်နေရာဒေသနှင့် မည်သည့်တပ်စခန်း၌ ဖမ်းဆီးထားခြင်းကို ရေးသားဖော်ပြထားခြင်း မတွေ့ရပါသည်။
၂၀၂၁ ခုနှစ်၊ ဇွန်လမှ နှစ်ကုန်ပိုင်းထိ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် RCSS တပ်အထိုင်နေရာများကို SSPP၊ TNLA တိုင်းရင်းသားလက်နက်ကိုင် ပူးပေါင်းမဟာမိတ်အဖွဲ့များက စစ်တပ်လမ်းဖွင့်ပေး၍ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
SSPP၊ TNLA တို့က ကျောက်မဲရှိ RCSS အခြေစိုက်ရာကုန်းတခုကို တိုက်ခိုက်ရာ စောင့်ဆိုင်းသည့်ဖက်များမှ တက်မလာဘဲ စစ်တပ်တည်ရှိရာဘက်က တက်လာခဲ့သည်ဟု RCSS စစ်သည်အချို့က ပြောပါသည်။
ယင်းသည် RCSS က စစ်ကောင်စီ၏ အာဏာသိမ်းမှု ကနဦးအစောပိုင်းကာလတွင် ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခြင်း ထွက်ပြေးတိမ်းရှောင်သော ပြည်သူများကို အကူအညီပေးရန် ဆက်ဆံရေးရုံးများ၏ ဖုန်းနံပါတ်များကို ဖြန့်ဝေပေးခြင်းတို့နှင့် ဆက်စပ်နိုင်သည်ဟု ယူဆကြသည်။
RCSS နှင့် SSPP တို့ မတူညီသော အခွင့်အရေးများတွင် SSPP သည် သျှမ်းမြောက်နှင့် ၎င်းတို့သွားလေရာဒေသ၌ လက်နက်အပြည့်အစုံ၊ ကားများနှင့် လှုပ်ရှားသွားလာခွင့်ရကြပြီး RCSS က လက်နက်များဖြင့် လူထုအတွင်း သွားလာမှုကို စစ်ကောင်စီက ဆက်ဆံရေးရုံးများကတဆင့် မကြာခဏ ကန့်ကွက်လေ့ရှိကြောင်း ကြားသိရသည်။
SSPP နှင့် RCSS ပြန်လည်နီးစပ်မှုသည် ယခင် အန်ကယ် ဦးခွန်ထွန်းဦး ရှိစဥ်ကကဲ့သို့၊ အန်ကယ် ဟန် ယောင်ဟွေ၊ အန်ကယ် စိုင်းညွန့်လွင်၊ အန်ကယ်ခွန်းဆိုင် ကျိုင်ယိန်နှင့် သျှမ်းပညာရှင်အချို့ ပြန်လည်ကြိုးပမ်းကြမည်ဟု မျှော်လင့်သူများလည်း ရှိကြမည်။