နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

SSPP အရာရှိတစ်ဦးအပါအဝင် ၎င်းနှင့်လိုက်ပါလာသည့် ဒေသခံပြည်သူ (၆)ဦး ကျောက်မဲမြို့နယ်ရှိ KTV တစ်ခု၌ စစ်ကောင်စီအဖွဲ့၏ ဝင်ရောက်ဖမ်းဆီးခြင်းခံရ

SSPP အရာရှိတစ်ဦးအပါအဝင် ၎င်းနှင့်လိုက်ပါလာသည့် ဒေသခံပြည်သူ (၆)ဦး ကျောက်မဲမြို့နယ်ရှိ KTV တစ်ခု၌ စစ်ကောင်စီအဖွဲ့၏ ဝင်ရောက်ဖမ်းဆီးခြင်းခံရ

Hsan Loi Editor
07/05/2023
Share:

 

၂၀၂၃ ခုနှစ် မေလ(၄)ရက်နေ့၌ သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ KTV တစ်ခုတွင် လာရောက်ပျော်ပါးသည့် SSPP အဖွဲ့ဝင်တစ်ဦးအပါအဝင် ၎င်းနှင့်လိုက်ပါလာသည့် ကိုယ်ရံတော်တပ်သားတစ်ဦး၊ ပြည်သူ(၆)ဦး အား စစ်ကောင်စီတပ်မှ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ဒေသခံပြည်သူများက Ngao Leng Hun Mai သတင်းဌာနထံ “စစ်ကောင်စီတပ်မှ SSPP အရာရှိတစ်ဦးနှင့်၎င်း၏ကိုယ်ရံတော်အပါအဝင် သူတို့နဲ့လိုက်ပါလာတဲ့ ဒေသခံပြည်သူ(၆)ဦးကို ကျောက်မဲမှာရှိတဲ့ KTV တစ်ခုမှာ ဝင်ဖမ်းသွားတာ။ ဖမ်းခံရတဲ့ SSPP အဖွဲ့ဝင်ကတော့ ကျောက်မဲမြို့နယ်ရဲ့ မြို့နယ်(၂၀) တာဝန်ခံလို့တော့သိရတယ်။ စစ်ကောင်စီတပ် မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ဖမ်းဆီးတာလို့လည်းကြားသိရသလို လက်နက်ကိုင်ဆောင်ပြီး မြို့ထဲဝင်လာတာကြောင့်လို့လည်း ပြောကြတယ်” ဟု ဖြေကြားထားသည်။

ဖမ်းဆီးခံရသည် ပြည်သူ(၆)ဦးတွင် အမျိုးသမီး(၂)ဦးကိုသာ ပြန်လည်လွတ်ပေးထားပြီး ကျန်သည့် အမျိုးသား(၄)ဦးကို ပြန်လွတ်ပေးခြင်းမရှိသေးဘဲ ကျောက်မဲမြို့တွင် ဖမ်းဆီးထားကြောင်း သိရသည်။ ဖမ်းဆီးခံထားရသည့် ပြည်သူ(၄)ဦးသည့် ကျောက်မဲမြို့နယ် ခေးနင်းကျေးရွာမှ တစ်ဦး၊ လုတ်အင်ကျေးရွာသားတစ်ဦး၊ နမ့်ဟန်ခိတ်ကျေးရွာသားတစ်ဦး၊ နောင်ပိန်ကျေးရွာသားတစ်ဦးဖြစ်ပြီး SSPP တပ်ဖွဲ့ဝင်နှင့်အတူ လိုက်လာကြသူများဖြစ်ကြောင်း သိရသည်။

SSPP အရာရှိထံ၌ ပစ္စတိုသေနတ်(၁)လက်နှင့်အတူ ကား(၂)စီး၊ ငွေကျပ် သိန်း(၁၀၀) ခန့် သိမ်းဆည်းရမိသည်ဟုဆိုသည်။ ဖမ်းဆီးခံရသူများ ယနေ့အထိ ပြန်လည်လွတ်ပေးခြင်း မရှိသေးပါ။

source & Ngao Leng Hun Mai