နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

SSPP အဖွဲ့မှ မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာတွင် တပ်သားသစ်စုဆောင်းရန် ဒေသခံလူထုနှင့်တွေ့ဆုံစဉ် သေနတ်ဖောက်ပြီး ခြိမ်းခြောက်မှုပြုလုပ်ခဲ့

SSPP အဖွဲ့မှ မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာတွင် တပ်သားသစ်စုဆောင်းရန် ဒေသခံလူထုနှင့်တွေ့ဆုံစဉ် သေနတ်ဖောက်ပြီး ခြိမ်းခြောက်မှုပြုလုပ်ခဲ့

Hsan Loi Editor
06/06/2023
Share:

 

ယမန်နေ့ ဇွန်လ (၅) ရက်နေ့ နံနက် (၉) နာရီတွင် သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာအုပ်စု ပန်ခမ်းရွာတွင် SSPP အဖွဲ့မှ တပ်သားသစ်စုဆောင်းရေးအတွက် ဒေသခံ ကျေးရွာလူထုနှင့် လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

 

တွေ့ဆုံမှု၌ ကျေးရွာတစ်ရွာအတွင်း (၁၀) အိမ်လျှင် ယောက်ျားသား (၂) ဦးနှုန်း အိမ်ခြေ (၁၀၀) ရှိပါက (၂၀) ဦး SSPP အဖွဲ့၌ တပ်သားသစ်အဖြစ် တာဝန်ယူထမ်းဆောင်ရမည်ဖြစ်ကြောင်း SSPP တာဝန်ခံတစ်ဦးမှ ပြောကြောင်း ဒေသခံတစ်ဦးက ပြောပြသည်။

 

“သူတို့လာတာက အင်အားအများကြီးပဲ။ လက်နက်တွေအပြည့်အစုံနဲ့ ရွာရဲ့ ဇရပ်မှ လာရောက်တွေ့ဆုံကြတာပါ။ အိမ်ထောင်စု (၁၀) စုမှ (၂) ဦး စစ်သားလုပ်ရမယ်တဲ့ တစ်ဦးက တစ်သက်စာလုံး စစ်သားလုပ်ရမယ် ကျန်တစ်ဦးက ကျေးရွာစစ်သားပုံစံလုပ်ရမယ်ဆိုပြီးပြောပါတယ်။ သူတို့ဘက်ကပဲ တစ်ဖက်သတ်ဖိအားပေးပြီး ရွာခံတွေကို ပြောသွားတော့ ရွာသူရွာသားတွေက မကျေနပ်ကြဘူး။ သဘောတူမှုလည်းမရကြဘဲနဲ့ သူတို့ပြန်ခါနီး ရွာသားတွေက ဝိုင်းပြောကြတော့ အပြင်မှာ စောင့်နေတဲ့ သူတို့စစ်သားတွေက သေနတ် (၁၀) ချက်ကျော်ကျော်လောက်ဖောက်ပြီး ခြိမ်းခြောက်လိုက်တယ်။ ပြီးတော့ အခုတပ်သားသစ်စာရင်းကို ဇွန်လ (၁၀) ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ရမယ်။ ပြီးရင် အခုကိစ္စနဲ့ပတ်သက်ပြီးတော့ ဆူပူအုံကြွမှုတွေ၊ ဆန္ဒပြတာတွေမလုပ်ဖို့လည်း သတိပေးခြိမ်းခြောက်သွားသေးတယ်။ အဲ့လို ဆန္ဒပြတဲ့အိမ်တွေရှိရင် သူတို့လာဖမ်းမယ်ဆိုပြီး ပြောသွားသေးတယ်။” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပြသည်။

 

ယနေ့တွင်လည်း SSPP အဖွဲ့မှ မူဆယ်မြို့နယ် တိန်းလုံရွာနှင့် တုံဟုန်းချိုရွာ မှ ဒေသခံများထံ တပ်သားသစ်စုဆောင်းရန် တွေ့ဆုံဆွေးနွေးသွားမည်ဟု သိရသည်။