နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

SSPP အဖွဲ့မှ နမ့်လန်မြို့နယ်အတွင်းရှိလူငယ်များအား ညအချိန်တွင် အိမ်ပေါ်အထိဝင်ရောက်ဖမ်းဆီးပြီး တပ်သားသစ်စုဆောင်းနေ

SSPP အဖွဲ့မှ နမ့်လန်မြို့နယ်အတွင်းရှိလူငယ်များအား ညအချိန်တွင် အိမ်ပေါ်အထိဝင်ရောက်ဖမ်းဆီးပြီး တပ်သားသစ်စုဆောင်းနေ

Hsan Loi Editor
26/05/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့အတွင်းရှိ လူနေအိမ်များအား SSPP အဖွဲ့မှ ယခုတစ်ပတ်အတွင်း ညပိုင်း(၈)နာရီမှ နံနက်(၄)နာရီအချိန်အထိ အိမ်တံခါးများလိုက်ခေါက်ပြီး သျှမ်းလူငယ်များအား တပ်သားသစ်အတွက် လိုက်လံဖမ်းဆီးနေသည်ဟု ဆိုသည်။

 

“တစ်ညကို တစ်ရပ်ကွက်နှုန်း အိမ်တံခါးတွေလိုက်ခေါက်ပြီး လူငယ်တွေကို လိုက်ဖမ်းနေတာ တစ်ပတ်လောက်ရှိပြီ။ သတင်းကြိုရတဲ့ လူငယ်တွေတော့ ထွက်ပြေးကုန်ကြပြီ။ တစ်ညကို (၃)ယောက်ကနေ (၆) ယောက်အထိ ဖမ်းဆီးခံနေရတယ်။ ဖမ်းခံရတဲ့ သူတွေကို တချို့ချမ်းသာတဲ့ မိဘတွေက ငွေပေးပြီး ပြန်သွားထုတ်ကြပေမယ့် သူတို့က ထုတ်မပေးဘူး။ လူပဲလိုချင်တာ ငွေမလိုချင်ဘူးဆိုပြီး ပြန်ပြောလာတယ်တဲ့။ ပြီးတော့ ညအချိန်ထွက်လည်တဲ့ လူငယ်တွေကိုလည်း လမ်းမှာတွေ့တဲ့နေရာတိုင်း ဖမ်းသွားကြတယ်။” ဟု နမ့်လန်မြို့ဒေသခံတစ်ဦးက ပြောပြသည်။

 

နမ့်လန်မြို့၌ ညပိုင်း(၈)နာရီနောက်ပိုင်းတွင် နေအိမ်အပြင်ထွက်သူမရှိသလောက်ဖြစ်နေပြီဖြစ်ကာ ထွက်ပြေးတိမ်းရှောင်နေကြသည့် မိသားစုဝင်များလည်းရှိသည်။ ယခင်က ယောကျာ်းသား(၂)ဦး ရှိသော အိမ်ထောင်စုများကို တပ်သားစုဆောင်းသော်လည်း ယခုအခါ သားယောကျာ်း(၁)ဦးရှိသော အိမ်များကိုလည်း ဝင်ရောက်ဖမ်းဆီးနေခြင်းဖြစ်သည်။

 

အခြားတစ်ဖက်တွင်လည်း ဖမ်းဆီးခံရသူသော လူငယ်များကို SSPP အဖွဲ့ထံ စစ်သင်တန်းသင်ကြားရမည်မဟုတ်ဘဲ UWSA အဖွဲ့ထံ စစ်မှုသင်တန်းတက်ရမည်ဟု ဒေသသတင်းအရင်းအမြစ်များကဆိုသည်။ ယနေ့တွင် သျှမ်းအင်အားကြီးတပ်(၂)တပ်ဖြစ်သည့် SSPP နှင့် RCSS ကြား ပဋိပက္ခတိုက်ပွဲကြောင့် သျှမ်းလူငယ်များအနေဖြင့် စစ်မှုထမ်းလိုစိတ်မရှိတော့ကြောင်း သတင်းရရှိသည်။