ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

SSPP နှင့် မဟာမိတ်အဖွဲ့ဝင်များ ဒေသခံနေအိမ်များကို ဝင်ရောက် ဖျက်ဆီးသွား

SSPP နှင့် မဟာမိတ်အဖွဲ့ဝင်များ ဒေသခံနေအိမ်များကို ဝင်ရောက် ဖျက်ဆီးသွား

Hsan Loi Editor
21/04/2023
Share:

 

SSPP နှင့် ပူးပေါင်းမဟာမိတ်အဖွဲ့ဝင်များက လဲချားမြို့နယ်၊ ကုန်းယီ့ကျေးရွာအတွင်းရှိ ဒေသခံများ၏နေအိမ်များကို ဝင်ရောက် ရှာဖွေမွေနှောက် ဖျက်ဆီးထားပြီး ကြိုက်နှစ်သက်ရာများကိုပါ ယူသွားခဲ့သည်ဟု ဒေသခံတဦးက ပြောပါသည်။

“ သူတို့အိမ်တိုင်းကို ဝင်ပြီး မွေနှောက်သွားတယ်၊ ကောင်းတာလေးတွေရွေးယူသွားပါတယ်၊ ပုပ်စော်နှံတဲ့အနံ့တွေလည်းရနေသေးတယ် လူသေတာကို ကောင်းကောင်း မြုပ်မသွားဘူးထင်တယ်တဲ့” ဟု လဲချားမြို့ခံတဦးက ထပ်ဆင့်ပြောပြပါသည်။

ဧပြီလ ၁၉ ရက်နေ့က လဲချားမြို့နယ် အရှေ့ဘက်၌ SSPP နှင့် ပူးပေါင်းမဟာမိတ်အဖွဲ့ဝင်များနှင့် RCSS အဖွဲ့ဝင်များ တိုက်ပွဲပြင်းထန်ခဲ့ပြီး ရွာခံအများအပြား မြို့တွင်းသို့ ဝင်ရောက်တိမ်းရှောင်လာကြရသည်ဟု ပြောပါသည်။

ယမန်‌နေ့ နံနက်ပိုင်း ၉ နာရီဝန်းကျင်ခန့်တွင် ကန်းအုမ်ရွာအရှေ့ဘက် မိုက်ဟိုင်းရွာ၊ ဟိုခဲရွာ၊ ဝမ်ဝံရွာဘက်တွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး ၁၁ နာရီ ၄၀ မိနစ်ခန့်မှ မွန်းလွဲပိုင်းထိ ကွန်ဆိုင်းရွာ၊ မက်မုံဆမ်းရွာဘက် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ ဧပြီလ ၂၁ ရက်နေ့တွင် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ပြန်လည်ငြိမ်သက်နေသည်ဟု သိရသည်။