နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

SSJAC ရဲ့ ထုတ်ပြန်ချက် မြေပြင်အခြေအနေမှန်နဲ့ လုံးဝကင်းကွာနေတယ်လို့ MNDAA ဘက်က ပြန်လည်ငြင်းဆိုထား

SSJAC ရဲ့ ထုတ်ပြန်ချက် မြေပြင်အခြေအနေမှန်နဲ့ လုံးဝကင်းကွာနေတယ်လို့ MNDAA ဘက်က ပြန်လည်ငြင်းဆိုထား

Hsan Loi Editor
02/11/2026
Share:

မြန်မာ့အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ထိန်းချုပ် ဒေသတွေမှာ ရုံးသုံး ဘာသာအဖြစ် တရုတ် ဘာသာစကားသို့ ပြောင်းလဲမှု၊ မြေယာ ပိုင်ဆိုင်မှု၊ နိုင်ငံခြားသားများ ဝင်ရောက်လွှမ်းမိုးမှု၊ သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ရှမ်းပြည် ပူးပေါင်း ဆောင် ရွက်ရေးကော်မတီ (SSJAC)ရဲ့ ထုတ်ပြန်ချက်ပါ စွပ်စွဲချက်တွေဟာ မြေပြင်အခြေအနေမှန်နဲ့ လုံးဝကင်းကွာနေတယ်လို့ MNDAA ဘက်က ယနေ့ အောက်တိုဘာ ၂၇ ရက်မှာ ပြန်လည်ထုတ်ပြန် ငြင်းဆိုထားပါတယ်။

ထုတ်ပြန်ချက်မှာ အထူးဒေသ(၁)အတွင်းရှိ ကျောင်းတွေမှာ ဒေသခံများအား မသက်ဆိုင်တဲ့ ဘာသာစကားကို အတင်းအကျပ် သုံးစွဲစေတာ မရှိဘဲ လက်ရှိအခြေခံပညာကျောင်းတွေမှာ မြန်မာဘာသာကို မိခင်ဘာသာစကားအဖြစ် သင်ကြားလျက်ရှိပြီး သက်ဆိုင်ရာ တိုင်းရင်းသားများရဲ့ ဘာသာစကားကိုလည်း သင်ကြားခွင့်ပြုထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အ.လ.က (ပန်ညု)နဲ့ အ.မ.က (မိုင်းမော) ကျောင်းတွေမှာ တရုတ်ဘာသာစကား သင်ကြားပေးတာဟာ ဒေသခံများရဲ့ ဆန္ဒနဲ့အညီ လွတ်လပ်စွာ သင်ကြားခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အထူးဒေသ (၁)ရဲ့ မြေယာ စီမံခန့်ခွဲမှု နည်းဥပဒေများအရ နိုင်ငံခြားသားများကို မြေယာပိုင်ဆိုင်ခွင့် လုံးဝ ခွင့်ပြုထားခြင်းမရှိဘဲ အထူးဒေသ(၁)မှတ်ပုံတင် ကိုင်ဆောင်ထားသူ (သို့မ ဟုတ်) မြန်မာနိုင်ငံသားများသာလျှင် တရားဝင် မြေယာပိုင်ဆိုင်ခွင့်ရှိပြီး နိုင်ငံခြားသားများ ဝင်ရောက် လွှမ်းမိုးကာ မြေယာများ သိမ်းဆည်းနေသည်ဆိုတဲ့ ပြောဆိုချက်မှာ စွပ်စွဲချက်သာ ဖြစ်တယ်လို့ MNDAA က ဆိုပါတယ်။

သမိုင်းဝင် မြို့ရွာ အမည်တွေကို အတင်းအကျပ် ပြောင်းလဲခြင်းမျိုး လုံးဝ မရှိဘဲ မူလ အမည်များ အတိုင်း ဆက်လက်ခေါ်ဝေါ် အသုံးပြုနေပြီး MNDAA ထိန်းချုပ်ထားတဲ့ ဒေသအချို့မှာ အုပ်ချုပ်ရေးယန္တရား လွယ်ကူချောမွေ့စေဖို့ ကိုးကန့်ဘာသာစကားနဲ့ အမည်အချို့တွဲဖက်ခေါ်ဝေါ်မှု ရှိခြင်းသာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အလားတူ ဒေသခံ တိုင်းရင်းသားများရဲ့ ရိုးရာယဉ်ကျေးမှုပွဲတော်များကိုလည်း နှစ်စဉ် လွတ်လပ်စွာ ကျင်းပခွင့် ပြုထားပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်ပြီး ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်မှုတွေကို မည်သည့်ကန့်သတ်မှု၊ ခြိမ်းခြောက်မှုမျှ ပြုလုပ်ထားတာမရှိဘဲ အခြေခံရပိုင်ခွင့်တွေကို အလေးထားစောင့်ရှောက်လျက်ရှိတယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

ယခုကဲ့သို့ SSJAC ရဲ့ မှားယွင်းတဲ့ စွပ်စွဲချက်တွေကို အကြောင်းပြုပြီး ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေဖို့နဲ့ တိုင်းရင်းသားများအကြား လူမျိုးရေးပဋိပက္ခ ဖြစ်စေဖို့ရည်ရွယ်တဲ့ မည်သည့်နိုင်ငံရေး၊ လူမှုရေး လှုပ်ရှားမှုနဲ့ နှောင့်ယှက်မှုမျိုးကိုမဆို ဥပဒေနဲ့အညီ ပြင်းပြင်းထန်ထန် တုံ့ပြန်ကာကွယ်သွားမှာဖြစ်ပြီး သွေးထိုးလှုံ့ဆော်မှုကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်အားလုံးအပေါ် SSJAC ဘက်မှ အပြည့်အဝ တာဝန်ခံရမယ်လို့ MNDAA က သတိပေးထုတ်ပြန်ထားပါတယ်။

SSJAC က ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်က သျှမ်းမြောက်ဒေသအတွင်း ဒေသခံတိုင်းရင်းသားများရဲ့ အခြေခံရပိုင်ခွင့်နဲ့ ယဉ်ကျေးမှုများအပေါ် အတင်းအကျပ် ခြိမ်းခြောက်လွှမ်းမိုးမှုနဲ့ ပတ်သက်ပြီး ထုတ်ပြန်ကန့်ကွက် ပြောဆိုထားတာဖြစ်ပါတယ်။