ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

RCSS/SSA က အိုက်စ်၊ ဟီးရိုးအင်းနှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိထား 

RCSS/SSA က အိုက်စ်၊ ဟီးရိုးအင်းနှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိထား 

Hsan Loi Editor
02/09/2023
Share:

 

၂၀၂၃ ခု၊ သြဂုတ်လ ၂၅ ရက်နေ့က မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်မြေအတွင်း မော်တော်ဆိုင်ကယ်မောင်းနှင်လာသော အမျိုးသား ၅ ဦးကို ရှောင်တခင် တားဆီးစစ်ဆေးရာ Y1 အမှတ်တံဆိပ်ပါ စိတ်ကြွဆေးပြား ၆၅၀၀ ၊ အိုက်စ် ၂၁ ကီလိုဂရမ်၊ ဟီးရိုးအင်း ၁ ကီလိုဂရမ်တို့ကို တွေ့ရှိသောကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု သိရသည်။

 

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို ယမန်နေ့ စက်တင်ဘာလ ၁ ရက်နေ့က လွိုင်ကော်ဝမ်းသို့ လွဲပြောင်းခဲ့ပြီး ဆက်လက် စစ်ဆေး ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မိဘအုပ်ထိန်းသူများကိုယ်တိုင် လာရောက်အပ်နှံသော မူးယစ်ဆေးဝါးအသုံးပြုသူ သျှမ်းလူငယ်အများအပြားကိုလည်း RCSS/SSA ဌာနချုပ် လွိုင်တိုင်းလျဲန်း၌ နှစ်စဉ်နှစ်တိုင်း ဆေးဖြတ်ပေးလျက်ရှိကြောင်း တာဝန်ရှိသူအချို့ထံက သိရသည်။