နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် က နမ့်စန်မြို့နယ် ဝမ်နောင်အုစ်စုမှ ဒေသခံတိုင်းရင်းသားပြည်သူများနဲ့တွေ့ဆုံ

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် က နမ့်စန်မြို့နယ် ဝမ်နောင်အုစ်စုမှ ဒေသခံတိုင်းရင်းသားပြည်သူများနဲ့တွေ့ဆုံ

Hsan Loi Editor
20/03/2025
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ‌ဝမ်နောင်အုပ်စု၊ကုန်းသာရွာမှ ဒေသခံတိုင်းရင်းသားပြည်သူများကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ယနေ့ မတ်လ ၁၉ရက် မွန်းလွဲပိုင်းအချိန်မှာ အဆိုပါကျေးရွာရှိ မွေတော်တိလုံ‌စေတီ ပရဝဏ်အတွင်းမှာ တွေ့ဆုံခဲ့ပါတယ်။

 

တွေ့ဆုံစဉ် RCSS တပ်၏ ပေါ်လစီ၊ ဒေသန္တရအုပ်ချုပ်ရေး ဖော်ဆောင်နေသည့် အခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

 

နမ့်စန်မြို့နယ်၊ ဝမ်နောင်အုပ်စု၊ ကုန်းသာရွာမှ မွေတော်တိလုံစေတီရှိ ဓမ္မာရုံသစ် ရေစက်သွန်းချ အမျှဝေအခမ်းအနားတက်ရောက်ပြီး ဒေသခံတိုင်းရင်းသားပြည်သူနဲ့ တွေ့ဆုံတာပဲဖြစ်ပါတယ်။

 

တွေ့ဆုံပွဲမှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်၊ စစ်ဦးစီးချုပ်၊ ဒုတိယဥက္ကဋ္ဌ(၂) ဗိုလ်ချုပ် ခေးငင်း အပါအဝင် အရာရှိ၊ အရာခံများ၊သံဃာတော်အရှင်သူမြတ်များနဲ့ ဒေသခံပြည်သူများတက်ရောက်တယ်လို့ သိရပါတယ်။