ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် RCSS/SSA ၏ အုပ်ချုပ်ရေးနယ်မြေတစ်ခုတွင် သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ယနေ့ သင်္ကြန်အတက်နေ့၌ RCSS တပ်သားများအား သွားရောက်တွေ့ဆုံပြီး အားပေးစကားပြောကြားခဲ့သည်။
RCSS ဥက္ကဋ္ဌကြီးမှ လက်ရှိသျှမ်းပြည်၏ နိုင်ငံရေးနှင့် စစ်ရေးအခြေအနေများ၊ ယခင်က တွေ့ကြုံရင်ဆိုင်ခဲ့ရသော အခက်အခဲများနှင့် ဖြတ်(၄)ဖြတ် အခြေအနေများ၊ အဖွဲ့အစည်း၏ ရပ်တည်ချက်နှင့် အနာဂတ်ရည်မှန်းချက်များအား ရှင်းလင်းပြောကြားသည်။
အဲ့ဒီနောက် ဆရာစိုင်းစိုင်းငင်းက လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအပြောင်းအလဲနှင့် သျှမ်းပြည်သူလူထုအပေါ်ရိုက်ခတ်မှုများ၊ သျှမ်းပြည်သူတစ်ယောက်အနေဖြင့် ထမ်းရွက်ရမည့် တာဝန်ဝတ္တရားများအား ဆက်လက်ရှင်းလင်းခဲ့ကြောင်း သိရသည်။
credit & Tai freedom