ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းသံဃာတော်များ၊ ပြည်သူလူထုများ၏ လိုလားတောင့်တချက်ဖြစ်သော RCSS နှင့် SSPP တို့၏ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နှင့်ပတ်သက်၍ အောက်ပါအတိုင်း ထုတ်ပြန်ကြေညာခဲ့သည်။
(၁) နှစ်ဖက်ခေါင်းဆောင်များ၏ လမ်းညွှန်ချက်အတိုင်း ၂၀၂၃ ဩဂုတ်လ(၉,၁၀) ရက်နေ့တွင် အပစ်အခတ်ရပ်စဲပြီး မိမိတို့နေရာတွင် နှစ်ဖက်တပ်များ ထိပ်တိုက်ထိတွေ့မှု မဖြစ်ပေါ်စေရေး ထိန်းသိမ်းဆောင်ရွက်ရန်။
(၂) ဖမ်းဆီးထားသော ပြည်သူလူထုနှင့် တပ်သားများအား ပြန်လည်လွတ်ပေးရန်။
(၃) မိဘပြည်သူများအား နှစ်ဖက်တပ်များ၏ နယ်မြေအုပ်ချုပ်ရေးများအတွင်း လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့် နေထိုင်ခွင့်ပြုရမည်။
(၄) နှစ်ဖက်တပ်သည် မိမိတို့ရောက်ရှိသော နေရာတွင် ၎င်းတပ်သားနေထိုင်ရပ်တည်နိုင်ရေး စားနှပ်ရိက္ခာများအား ရယူခွင့်ရှိပြီး မိမိတပ်နယ်နေရာများ ကျော်လွန် စုဆောင်းခြင်းမပြုရ။ လှုပ်ရှားသွားလာရန် လိုအပ်လာပါက နှစ်ဖက်တပ်များအချင်းချင်း ညှိနှိုင်းအကြောင်းကြားပြီးမှ သွားလာဝင်ထွက်ရန်။
(၅) တပ်သားများမိမိအိမ်ကို အလည်ပြန်ပါက လက်နက်ခဲယမ်းများ ယူဆောင်ခြင်းမပြုရ။ ကြိုတင်အကြားရန်နှင့် အိမ်အလည်ပြန်ခွင့်ကဒ်ပြားယူဆောင်ပြီး နှစ်ဖက်တပ်များ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ရန်။
(၆) နှစ်ဖက်သော တပ်များ အပစ်အခတ်ရပ်စဲထားသော ကာလအတွင်း အချင်းချင်းယုံကြည်မှု ပိုမိုခိုင်မာလာစေရေးအတွက် နှစ်လတစ်ကြိမ် ဆက်လက်ဆွေးနွေညှိနှိုင်းရန်။
(၇) နှစ်ဖက်တပ်များ အချင်းချင်းအမုန်းပွားစေမည့် သွေးထိုးလှုံ့ဆော်မှုများအား ငြင်းဆန်ပယ်ချရန်။
(၈) အချင်းချင်းအကြား အကြောင်းတစ်စုံတစ်ခုဖြစ်ပေါ်ခဲ့ပါက ပိုမိုကြီးထွားလာခြင်းမရှိစေရေး နှစ်ဖက်တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းရန်။
(၉) တစ်ဖက်နှင့်တစ်ဖက် အချင်းချင်းအပေါ်ရိုးသားကြရမည်ဖြစ်ပြီး အမြတ်ထုတ်မှုများမပြုလုပ်ကြရန်။
စသည့်အချက်(၉)ချက်ဖြင့် သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့သည်။
ဒါ့အပြင် ၂၀၁၉ ခုက အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့သော စာချုပ်ကိုလည်း ပြန်လည်ဖော်ပြအပ်ပါသည်။
RCSS နှင့် SSPP တို့၂၀၁၉ ခုနှစ် မေလ (၁၁) ရက်နေ့က ထုတ်ပြန်ခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူထုတ်ပြန်ချက်
(၁) သျှမ်းပြည်သူလူထု ၊ သံဃာရဟန်း၊ နိုင်ငံရေးပါတီ နှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများ လိုလားတောင်းဆိုမှုအရ RCSS နှင့် SSPP အဖွဲ့တို့ တွေ့ဆုံဆွေးနွေးနိုင်ရေး နည်းလမ်းရှာဖွေခဲ့သည်။
(၂) နှစ်ဖက်ထိတွေ့ပစ်ခတ်မှုရပ်စဲရေး နှင့် မိဘပြည်သူများ ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးအတွက် ကျနော်တို့ နှစ်ဖက်အဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲရန် ညွှန်ကြားခဲ့သည်။
(၃) အပစ်အခတ်ရပ်စဲရေး ရေရှည်တည်တံ့နိုင်ရန်အတွက်လည်း ပြည်သူလူထု ၊ သံဃာရဟန်းများ ရင်တွင်းခံစားချက်ကို နားထောင်ပြီး ချစ်ကြည်ရင်းနှီးစွာ ဆက်လက်ဆွေးနွေးသွားမည်။
(၄) မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကဏ္ဍကိုလည်း နှစ်ဖက်အဖွဲ့က ချမှတ်ထားသောပေါ်လစီအတိုင်း ပြည်သူလူထု၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။