ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

RCSS နှင့် မြောက်ပိုင်းမဟာမိတ်တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ပင်လုံမြို့နယ်၊ ဟိုပုံးမြို့နယ်၊ မိုင်းကိုင်မြို့နယ်နှင့် လဲချားမြို့နယ်အတွင်း သျှမ်းအမျိုးသားကျောင်း (၆၀) ကျောင်းကျော် ပိတ်လိုက်လိုက်ဟုဆို

RCSS နှင့် မြောက်ပိုင်းမဟာမိတ်တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ပင်လုံမြို့နယ်၊ ဟိုပုံးမြို့နယ်၊ မိုင်းကိုင်မြို့နယ်နှင့် လဲချားမြို့နယ်အတွင်း သျှမ်းအမျိုးသားကျောင်း (၆၀) ကျောင်းကျော် ပိတ်လိုက်လိုက်ဟုဆို

Hsan Loi Editor
19/12/2022
Share:

 

RCSS/SSA အဖွဲ့နှင့် SSPP၊ TNLA နှင့်မြောက်ပိုင်းမဟာမိတ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် သျှမ်းပြည်နယ် ပင်လုံမြို့နယ်၊ ဟိုပုံးမြို့နယ်၊ မိုင်းကိုင်မြို့နယ်နှင့်လဲချားမြို့နယ်အတွင်းရှိ သျှမ်းအမျိုးသားကျောင်း (၆၀) ကျောင်းကျော် ပိတ်လိုက်ရကြောင်း သတင်းရရှိသည်။

 

အဆိုပါကျောင်းများတွင် ပညာများသင်ကြားပေးနေသည့် ဒေသခံစေတနာရှင် ဆရာ/မ (၃၀၀) ဦး ကျော်ရှိကြောင်း ရှမ်းအမျိုးသားပညာရေးကျောင်းတွင် စာသင်ကြားပေးခဲ့သည့် ကျောင်းဆရာတစ်ဦးက ပြောပြသည်။

 

“ကျောင်းတွေကတော့ RCSS သျှမ်းပြည်နယ်မြောက်ပိုင်းမှာရှိနေတဲ့အချိန်က သူတို့ကနေ စီမံခန့်ခွဲပြီးတော့ ဒေသခံကလေးတွေ စာသင်နိုင်ဖို့ လုပ်ပေးထားတဲ့ကျောင်းတွေပေါ့နော်။ သူတို့အဖွဲ့ သျှမ်းပြည်နယ်တောင်ပိုင်း ကို ပြန်လည်ဆုတ်ခွာသွားပြီးတော့ ကျောင်းတွေလည်းပိတ်လိုက်ရတယ်။ ဆရာ/မ တွေလည်း ကြောက်ပြီးတော့ ထိုင်းသွားတဲ့သူကသွား တခြားနေရာပြောင်းတဲ့သူကပြောင်းနဲ့ ဘယ်သူမှ မကျန်တော့ဘူး။ ကလေးတွေကတော့ တော်တော်များများ ကျောင်းနားလိုက်ရပြီးတော့ တခြားကတော့ ဘ-က ကျောင်းတွေမှာ ဝင်သင်နေတာလောက်တော့ ရှိပါတယ်။” ဟု သျှမ်းပြည်နယ်မြောက်ပိုင်း သျှမ်းအမျိုးသားကျောင်းမှာ စာသင်ခဲ့တဲ့ ဆရာတစ်ဦးက ပြောပြသည်။

 

ကျောင်းပေါင်း (၆၀) ကျော်အနက် ယခုဆိုရင် သျှမ်းပြည်နယ် ပင်လုံမြို့နယ်ရှိ နောဝ်တောဝ်း (ဘ-က) ကျောင်းတစ်ကျောင်းသာ ကျန်ရှိတော့ကြောင်း သတင်းရရှိသည်။

 

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/