ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
၂၀၂၃ ခုနှစ် မတ်လ (၇) ရက်နေ့ရက်စွဲဖြင့် ပအိုဝ်းပြည်သူ့စစ် (PNO/PNA) က ပအိုဝ်းဘာသာဖြင့် ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ထုတ်ပြန်ကြေညာချက်ထဲတွင် ပအိုဝ်းလူငယ်များအနေဖြင့် PNO/PNA ထံ စစ်မှုထမ်းဆောင်ခြင်းမပြုပါက မျိုးချစ်စိတ်ဓာတ် မရှိသောသူများဖြစ်သည်ဟု ဖော်ပြထားသည်။
ဒါ့အပြင် ပအိုဝ်းတိုင်းရင်းသားလူငယ်များအနေဖြင့် နယ်စပ်လုံခြုံရေးအတွက် အတူတကွ ပူးပေါင်းတိုက်ပွဲဝင်ရန်လည်း ထည့်သွင်းထားသည်။
“သူတို့ထုတ်ပြန်ချက်ထဲမှာတော့ ပအိုဝ်းလူမျိုးဖြစ်ရင် ပအိုဝ်းပြည်သူ့စစ်ထံ စစ်မှုထမ်းဆောင်ရမယ်။ စစ်မှုထမ်းဆောင်လိုခြင်းမရှိတဲ့လူငယ်တွေက မျိုးချစ်စိတ်ဓာတ်မရှိတဲ့သူတွေဆိုပြီး ဖော်ပြထားတာပေါ့လေ။ ဒါပေမယ့် ပအိုဝ်းလူမျိုးတိုင်းက PNO/PNA ကို မထောက်ခံကြပါဘူး။ ဘာလို့လဲဆိုရင် အာဏာရှင်တော်လှန်ရေးအင်အားစုတွေကို စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာတိုင်း စစ်ကောင်စီတပ်ကို PNA က အမြဲကူညီပေးနေတယ်လို့လည်းကြားနေရတယ်လေ။ ပအိုဝ်းလူမျိုးတွေလည်း အာဏာရှင်ကို မလိုလားကြပါဘူး။” ဟု ပင်လောင်းမြို့နယ်အတွင်းရှိ အမည်မဖော်လိုသူ ပအိုဝ်းတိုင်းရင်းသား တစ်ဦးက ပြောပြသည်။
အဆိုပါ ထုတ်ပြန်ချက်ကို စစ်ကောင်စီ ဥက္ကဌ မင်းအောင်လှိုင် က ပအိုဝ်းအမျိုးသားအဖွဲ့ (PNO) ခေါင်းဆောင် ဦးအောင်ခမ်းထီထံ လာရောက်လည်ပတ်ပြီးနောက် ယခုထုတ်ပြန်ချက်ကို ထုတ်ပြန်ခြင်းဖြစ်သည်။
photo credit & original uploader