ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
PDFs တွေရှိတဲ့နေရာမှာ တပ်က အကုန်လုံး ဝင်ရှင်းမယ်။ ရှင်းပြီးရင် အဲ့ရွာကို လက်နက်တပ်ဆင်ပေးခဲ့မယ်။ အဲ့လိုဆိုရင် PDFs ပြန်လာရင် အဲ့ကောင်တွေ ပြန်ချမှာပေါ့။ အခုချိန်မှာ PDFs ဆိုတာ NL ကနေပေါ်လာတာလေ။ အကုန်လုံး ထမိန်ခြုံတွေကြီးပဲ PDFs အားလုံးက အကုန်လုံးထမိန်ခြုံကြီးပဲ။
အရင်တုန်းက စခန်းထိုင်ထားတဲ့သူတွေကို အကုန်လုံးပြန်စု။ နေရာတကာမှာ စခန်းထိုင်တာ မသင့်လျော်တော့ဘူး။ မြန်မြန်ပြတ်အောင်ပေါ့။ မြန်မြန်ချချင်တယ်။ ဘာလို့တုန်းဆိုတော့ တချို့ဟာတွေက ပိတ်ဆို့ခံနေရတယ်လေ။ ပိတ်ဆို့ခံနေရတာ ဖောက်ထွက်မယ်။ ချချင်နေပြီ လုံးဝကို စားလို့သောက်လို့ မဖြစ်တော့ဘူး။ ဆားတပိဿာ ၅ သောင်းတွေဘာတွေ ဖြစ်နေပြီ။
အဓိကကတော့ တပ်တွေပေါ့ အရေးကြီးတဲ့နေရာတွေ ကျနော်တို့ EAO တွေလို့ မပြောပါနဲ့ဗျာ၊ သူပုန်တွေပေါ့၊ ဒီကောင်တွေရှိတဲ့နေရာမှာ KNU KIA တွေရှိတဲ့နေရာတွေမှာ အင်ဖာဆိုဒ်လုပ်ပြီး ထိုးစစ်တွေ ဆင်နွဲနေတယ် ဆောင်ရွက်နေတဲ့အတွက်ကြောင့် အရင်တုန်းက အေးချမ်းတဲ့နေရာတွေမှာ အခု PDFs တွေထကြွတဲ့နေရာတွေမှာ တပ်တွေက အဝင်အထွက်နည်းနေတယ်။ အဲ့တော့ ဝန်ခံရမယ်။ ကျနော်ကတော့ ဗျုဟာပြောင်းရမယ်လို့ မြင်တယ်။ ဗျုဟာပြောင်းရမယ်ဆိုတာ အရင်တုန်းက တပ်က စခန်းတွေထိုင်ထားတယ်။ စခန်းတွေများကြီးထိုင်ထားတယ်။ အခုချိန်မှာတော့ စခန်းထိုင်ထားတာတွေ သိပ်မလိုတော့ဘူး စခန်းထိုင်ထားရင် ဗုံးကြဲလိုက်။ အကုန်သေကုန်မှာပဲ။ တပ်မတော်လေက ကမ္ဘော့အဆင့်လေတပ်ဆိုတော့ ဗုံးကြဲလိုက်။
အရင်တုန်းက စခန်းထိုင်ထားတဲ့သူတွေကို အကုန်လုံးပြန်စု ပြန်ဆွဲထုတ်လိုက်ပြီးတော့မှ PDFs တွေကို နိမ်နှင်းရင် ပိုကောင်းမယ်။ နေရာတကာမှာ စခန်းသွားထိုင်နေတာ မသင့်လျော်တော့ဘူး လိုအပ်မှပဲ အဲ့စခန်းကို၊ သူနေလေ အဲ့စခန်းမှာ မင်းဘာလို့နေမှာလဲ လက်ခတ်တောင်ကုန်း လက်ခတ်တောင်ကုန်းမှာ နေပေါ့ လက်ခတ်တောင်ကုန်းကို သိက္ခာအရပြန်တိုက်တာလဲ တိုက်ပေါ့။ ပြန်ထိုင်မနေနဲ့။ ဆိုလိုတာက ထိုင်နေတာက အလကားပဲ အဲ့မှာထိုင်နေတာက အလုပ်ရူပ်တာပါပဲ။ တောင်ကုန်း တကုန်းလုံး ပြိုကျသွားအောင် ဗုံးကြဲလို့ရတယ်ဗျာ။ အဲ့လက်နက်တွေ တပ်မှာ ရှိတာပဲ။ စခန်းထိုင်နေတဲ့နေရာတွေ အားလုံး ယုတ်ပြီးတော့ ဒီ PDFs တွေ ထကြွသောင်းကျန်းနေတဲ့နေရာတွေကို နိပ်ကွပ်သင့်တယ်။
တပ်ကို ဗျုဟာပြန်ပြောင်းရင် ပိုကောင်းမယ်လို့ ဒါကတော့ ကျနော့်အမြင်ပေါ့။ လူကြီးတွေက ပိုစဉ်းစားတတ်မှာပါ။
ဝန်ထမ်းအားလုံးကို လက်နက်တပ်ဆင်ပေးဖို့ People to People စနစ်နဲ့ PDFs တွေကို ထိန်းချုပ်လို့ရကြောင်း သူဆက်ပြော
အတော်လေးခက်ခဲနေတဲ့အခြေအနေပဲ။ ကျနော်လည်း မြင်ပါတယ်။ ကျနော်တို့ ယောတို့ ဂန့်ဂေါတို့ဘက်က ပြေးလာတဲ့ဆရာတော်တွေလည်း အများကြီးပဲ။ မပြေးလာလဲ သူတို့ အသတ်ခံရမှာပဲ။ သူတို့ ဘာမှ သူတို့ခေါင်းထဲမှာ ( PDFs တွေက) အနန္တော အနန္တ ငါးပါးဆိုတာ မရှိတော့ဘူးလေ။ ဆရာတော်တွေ သံဃာတော်တွေကို အကုန်သတ်မှာပဲ။ အခုဆိုရင် ဟိုနေ့ကဆိုရင် ဒီမှာ စစ်ဘေးရှောင်က အမျိုးတယောက် ဆုံးတယ်။ သူ့ဟာသူ ၉၆ ပါး ရောဂါနဲ့ဆုံးပေမယ့်လို့ အဲ့တော့ ယောက ဓလေ့ထုံးစံအတိုင်း ဆရာတော်တပါးကို သွားပင့်ပြီးတော့ ယောထုံးစံနဲ့လုပ်ရတယ် သင်္ဂြိုလ်ရတဲ့သဘောရှိတယ်။
ဘယ်လိုဖြစ်နေသလဲဆိုတော့ သူတို့နယ်မြေမှာပြန်ထိုင်ဖို့ဆိုတာ အချိန်အတိုင်းအတာထိတော့ စောင့်ရမယ်။ နှေးမလား မြန်မလားဆိုတာ တပ်မတော်က ဆောင်ရွက်ချက်အပေါ်မှာပဲ မူတည်တယ်။ တပ်မတော်က ပြည်သူလူထုနဲ့ သေချာပူးပေါင်းပြီးတော့ ယုံယုံကြည်ကြည်နဲ့ပေါ့ တချို့ရွာတွေမှာ သူတို့ရွာတွေမှာ သူတို့ ပြည်သူ့စစ်လုပ်ချင်တယ် တပ်က ချက်ချင်းလက်နက်မတပ်ဆင်ပေးနိုင်သေးဘူး။
တပ်က ပြည်သူ့စစ်တွေ များများဖွဲ့နိုင်လေ တပ်အတွက်က သက်သာလေပဲ။ ပြည်သူ့စစ်များများဖွဲ့နိုင်ပြီဆိုရင် အချင်းချင်းပြန်ထိန်းပေါ့ People to People ပေါ့နော်။
အချင်းချင်းပြန်ထိန်းတဲ့နည်းနဲ့ဆောင်ရွက်မယ်ဆိုရင် ပိုထိရောက်တယ်။ မဟာဗျုဟာပြည်သူ့စစ် နည်းဗျုဟာ ဝန်ထမ်းတွေကို လက်နက်တပ်ဆင်ပေးတာ ကိုယ့်အပေါ်ထောက်ခံသူတွေကို လက်နက်တပ်ဆင်ပေးတာ ဒါမှ သူတို့ပြန်တုန့်ပြန်နိုင်မယ်။ တပ်ကလာတယ်ဆိုတာ ပြီးရင် ပြန်သွားမှာလေ တပ်က။
တပ်က ရွာကိုရှင်းပြီး ပြန်ထွက်သွားမှာဗျ။ တပ်ဝင်ရှင်းပြီဆိုရင် PDFs က ပုန်းနေတာလေ။ တပ်က ပြန်ထွက်သွားပြီဆိုရင် ရေဝင်သောက်တဲ့အိမ်ကို ဒလန်ဆိုပြီး သတ်တာလေ။ အဲ့ရွာကို တပ်က ဝင်ရှင်းမယ် ရှင်းပြီးရင် အဲ့ရွာကို လက်နက်တပ်ဆင်ပေးခဲ့မယ်။ PDFs ပြန်လာပြီဆိုရင် အဲ့လူတွေက ပြန်ချမှာပေါ့။
သခင်စိုးခေတ်က ရွာတိုင်းရွာတိုင်းမှာ လက်နက်တပ်ဆင်ပြီးတော့ အလံနီကို ပြန်တုန့်ပြန်တဲ့စနစ်ကို သုံးရမှာ။ အဲ့လိုစနစ်သုံးရင် အခုတခေတ်ဆိုးကြီး ကြောပြတ်သွားမယ်။ ရွာတိုင်းရွာတိုင်းက ရင်ထဲအသဲထဲက ထောက်ခံတဲ့သူတွေအများကြီးပဲ အခုသူတို့ပြေးနေရတယ်။ အဲ့ဒါတွေကို လက်နက်တပ်ဆင်ပေးလိုက်ရင် တပ်မတော်အတွက်လည်း အထောက်အကူဖြစ်တာပေါ့နော်။ နိုင်ငံလည်း မြန်မြန်အေးချမ်းသွားမယ်။ ပြီးမှ အတိုင်းအတာတရပ်ထိ အေးချမ်းတဲ့အခါ လက်နက်ပြန်ရုပ်သိမ်းပေါ့ ဒီလို လုပ်လို့ရပါတယ်။
ဘူးလက်တို့အနေနဲ့ PDFs များကို အရမ်းချချင်နေကြောင်း အထက်က အမိန့်မပေး၍ ချ၍မရကြောင်းဆက်ပြော
လက်တွေ့ပါဝင်ဖို့ပဲလိုတယ်။ ပြည်သူလူထုနဲ့ပေါင်းချင်တယ်။ ကျနော်တို့ကို ပြည်သူ့စစ်လုပ်ပေးပါ။ ကျနော်တို့ကို သင်တန်းပေးပါ ကျနော်တို့ သေနတ်ကိုင်မယ် ပြီးရင် ပြန်ချမယ်လို့ ပြောပါတယ်။ ပြည်သူ့စစ်လည်း လာမပေးဘူး လက်နက်လည်း လာမပေးဘူး။ ဥပမာဗျာ ရွာတရွာမှာပေါ့ ဒီမှာ ပြည်သူ့စစ်ရှိတယ်။ ဟိုမှာ PDFs ရှိတယ် သူတို့ကို သွားချချင်တယ်။ နေအုံး အမိန့်မရသေးဘူးတဲ့။
သွားချချင်တယ်။ အဲ့မှာ တပ်လည်းရှိတယ်။ ရဲလည်းရှိတယ် ပြည်သူ့စစ်လည်းရှိတယ် သွားချချင်တယ် နေအုံး အမိန့်မရသေးဘူးတဲ့။ ချနိုင်တဲ့အင်အားလည်း သိတယ်။ လက်နက်ကြီးကတော့သိပ်မပေးဘူး ပြည်သူ့စစ်တွေကို လက်နက်ငယ်တွေပေးထားတာပဲများတယ်။
ပြည်သူ့စစ်တွေကို တကယ်ထိထိရောက်ရောက်ဖွဲ့ပြီးတော့ လက်တွေ့ကျကျ အကောင်အထည်ဖော်ပေးပါ။ အဲ့ဒါကို ကျနော်တို့ တောင်းဆိုချင်တယ် ဒါဆိုရင် မြန်မြန်ပြတ်မယ်။ ပြည်သူလူထုကပေါင်းမယ်။ ပြည်သူလူထုကပေါင်းမယ်လို့ပြောပေမယ့်လို့ တကယ်တမ်းတော့ မလာဘူး။ ကျနော်ပြောတယ်ဗျ ဒကစမှူးကို အရင်ဒကစမှူးပြောင်းသွားတယ်။ အရင်ဒကစမှူးက ပရိုမိုးရှင်းနဲ့ပြောင်းသွားတယ်။
နောက်ဒကစမှူးက ဖုန်းတောင် မကိုင်ဘူး။ အဲ့လိုဖြစ်တယ် မဟုတ်ဖူး ကျနော်တို့ ဒီမှာ လိုနေပြီ။ အဲ့ဒါတွေကခက်တယ် အောက်ခြေမှာ။ အထက်ကတော့ ပြည်သူလူထုက ပေါင်းပေးပါပေါ့ ဟုတ်ပြီ ပေါင်းပေးမယ် မြန်မြန်ပြတ်အောင်ပေါ့။
ဘာလို့တုန်းဆိုတော့ တချို့ဟာတွေက ပိတ်ဆို့ခံနေရတယ်။ ပိတ်ဆို့ခံနေရတာ ဖောက်ထွက်မယ်။ ချချင်နေပြီ။ လုံးဝကို စားလို့သောက်လို့ မဖြစ်တော့ဘူး။ ဆားတပိဿာ ၅ သောင်းတွေ ဘာတွေ ဖြစ်နေပြီဗျာ။ ဆားတောင် စားစရာမရှိဘူး။ အဲ့နေရာကို PDFs ကလာတိုက်နိုင်လား မတိုက်နိုင်ဘူး ပြည်သူ့စစ်က အတောင့် သွားတိုက်မယ်ဆိုတော့လည်း နေအုံးတဲ့။ အဲ့ဒါတွေကို မြန်မြန်တိုက်ကွက်ဖွင့်ပြီးတော့ တိုက်ကွက်ဖော်လိုက်ရင် PDFs မြန်မြန်ပြတ်သွားမယ်။ ကျနော်အဲ့လိုမြင်တယ်။
မဟုတ်ရင် ဒီဟာကြီးကို ဒီအတိုင်းထားရင် ဟိုကောင်တွေက ဒရုန်းတွေဘာတွေက တော်တော်ကောင်းတဲ့ဒရုန်းတွေ ရောက်လာပြီ။ ဒါတွေက ကြာကြာစိမ်ထားလေ မကောင်းလေပဲ။
ဗောဓိမြိုင်ဖြစ်စဉ်မှာ တိုင်းမှူးကြီး ဒီကိစ္စ ဒီလိုဖြစ်နေတယ်ဆိုတော့ အဲ့ဒါလေးတွေကို ကူညီလိုက်ပါအုံးဆိုတော့ သူက နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ကျော်သက်နိုင် ကျနော်နဲ့ တပါတ်စဉ်တည်း ရဲတွေဘာတွေနဲ့ ဆရာတော်ကိုတော့ တရားမစွဲပါနဲ့။ ဂေါပကကို စွဲရင်စွဲဆိုပြီးတော့ ဂေါပက ဆရာတော်ကိုယ်စား ထောင်ကျခဲ့ရတာ အဲ့ဒါက NLD လက်ထက်။ အခုချိန်မှာသူများ လူတွေက မသိဘူး အခုချိန်မှာ PDFs ဆိုတာ NLD ကနေ ပေါ်လာတာလေ။
Ref: Kara Horn and MAYA HH, Photo: Steve Tickner