ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

NCA နှစ်ပတ်လည်အထိမ်းအမှတ်ကျင်းပပြီးနောက်ပိုင်းတွင် သျှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများအား KIA မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်နေသည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်လာ

NCA နှစ်ပတ်လည်အထိမ်းအမှတ်ကျင်းပပြီးနောက်ပိုင်းတွင် သျှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများအား KIA မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်နေသည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်လာ

Hsan Loi Editor
22/10/2023
Share:

 

၂၀၂၃ ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့ NCA (၈)နှစ်ပြည့်အထိမ်းအမှတ်ကို နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပြီးနောက်ပိုင်း သျှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းများအား KIA အဖွဲ့က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီ၏ လက်အောက်ခံမီဒီယာများက ဖော်ပြခဲ့သည်။

 

အောက်တိုဘာလ (၁၉) ရက်နေ့က KIA အဖွဲ့က အင်အားအလုံးအရင်းဖြင့် သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း(၃)ခုအား ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

 

အလားတူ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန်ရွာအနီးတွင်လည်း စစ်ကောင်စီတပ်စခန်းများအား KIA အဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းအား သိမ်းပိုက်ထားနိုင်သည်ဟု ကချင်ပြည်နယ် ဒေသသတင်းများက ဖော်ပြထားသည်။

 

တစ်ဖက်တွင်လည်း ကချင်ပြည်နယ် KIA ဌာနချုပ်အနီး လိုင်ဇာမြို့နယ်ရှိ အောင်ဂျာစစ်ကောင်စီတပ်စခန်း (၃) ခုအား KIA အဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း KIA ဘက်ကထုတ်ပြန်လာသည်။

 

ဆက်စပ်သတင်းများအရ KIA မှ သိမ်းပိုက်ထားသော စစ်ကောင်စီတပ်စခန်းများအနီးတစ်ဝိုက်၌ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုပြန်လည်ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။