နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

MNDAA က လားရှိုးမြို့ကို သိမ်းပိုက်နိုင်ပြီးနောက် မြို့တွင်းသန့်ရှင်းရေးပြန်လည်ပြုလုပ်

MNDAA က လားရှိုးမြို့ကို သိမ်းပိုက်နိုင်ပြီးနောက် မြို့တွင်းသန့်ရှင်းရေးပြန်လည်ပြုလုပ်

Hsan Loi Editor
05/08/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အား MNDAA နှင့် တော်လှန်ရေးအင်အားစုများက အလုံးစုံသိမ်းပိုက်ပြီးနောက် ယနေ့ ဩဂုတ်လ(၅) ရက်နေ့ နံနက်ပိုင်းတွင် မြို့တွင်းကျန်ရှိနေသော ပရဟိတအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့သည်။

 

လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အား MNDAA က သိမ်းပိုက်ပြီးနောက် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု မရှိတော့ဘဲ ပြန်လည်တည်ငြိမ်စပြုလာပြီဟုလည်း ဒေသခံတစ်ဦးကပြောပြသည်။

 

“ မနက်ကတော့ ရပ်ကွက်(၉)ဘက်က ဘူတာဈေးဖွင့်ပြီးတော့ ဈေးသည်တွေ ဈေးပြန်ရောင်းကြတယ်။ လားရှိုးမှာပိတ်မိနေတဲ့သူတွေလည်း ဈေးထွက်ဝယ်ကြတော့ တစ်ယောက်နဲ့တစ်ယောက်နူတ်ဆက်အားပေးကြ စကားပြောကြနဲ့ နွေးထွေးသလိုခံစားရပါတယ်။ အခုတော့ တိုက်ပွဲသံမကြားရတော့ဘူးပေါ့။ လေယာဉ်နဲ့ဗုံးလာကြဲမှာပဲ ကြောက်ရတယ်။ ကျမက သူများတွေလို ထွက်ပြေးချင်ပေမယ့် အမေကအသက်အရမ်းကြီးနေတော့ အမေနဲ့အတူတူ မြို့ထဲမှာပဲ ဆက်နေကြရတာပေါ့။ ဘုရားကိုပဲ အာရုံပြုပြီး အိမ်ထဲမှာပုန်းနေခဲ့ရတာပါရှင့်။” ဟု လားရှိုးမြို့တွင်း ကျန်ခဲ့သော အမျိုးသမီးတစ်ဦးက ပြောပြသည်။

 

လားရှိုးမြို့၌ MNDAA အဖွဲ့ထံ လက်နက်ချအညံ့ခံသော စစ်ကောင်စီတပ်သား (၄၀၀၀) ဦးကျော်ပြီဟု သိရပြီး အချို့လည်း ထွက်ပြေးနေသေးကြောင်း ဒေသသတင်းအရင်းအမြစ်များ၏ ဖော်ပြချက်အရ သိရသည်။