နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

MNDAA က တစ်လနီးပါးဖမ်းဆီးထားတဲ့ အသက် ၁၅ နှစ်အရွယ်နန်းယိင်းဟွမ်ကို အမြန်ပြန်လွတ်ပေးဖို့ မိသားစုဝင်များတောင်းဆို

MNDAA က တစ်လနီးပါးဖမ်းဆီးထားတဲ့ အသက် ၁၅ နှစ်အရွယ်နန်းယိင်းဟွမ်ကို အမြန်ပြန်လွတ်ပေးဖို့ မိသားစုဝင်များတောင်းဆို

Hsan Loi Editor
02/03/2025
Share:

 

သျှမ်းပြည်မြောက်ပိုင်း လားရိူးမြို့၊ မိုင်းယော်တိုက်နယ် နားပင်းကျေးရွာက ရှင်လောင်းပွဲတစ်ခုမှာ လုံမွန်ကျေးရွာ ဘုန်းကြီးကျောင်းအတွင်းတပ်စွဲထားတဲ့ MNDAAကိုးကန့် တပ်ဖွဲ့ဝင်တပ်သားနှစ်ဦး ရန်ဖြစ်စကားများပြီး ပစ်ခတ်မှုဖြစ်ပွား ခဲ့တဲ့အတွက် တပ်သားတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

အဲ့ဒီလိုတပ်သားအချင်းချင်းရန်ဖြစ် စကားများပြီး ပစ်ခတ်မှု ဖြစ်ပွားရတာဟာ နန်းယိင်းဟွမ်ကြောင့်လို့ဆိုပြီး MNDAA က ဖေဖော် ဝါရီ ၇ ရက်နေ့မှာဖမ်းဆီးသွားတာပါ ။

 

” သူတို့အချင်းချင်းပစ်ခတ်လို့ သေတာလေ ကလေးမ နဲ့ မဆိုင်ဘူး ၊ အသက်လဲမပြည့်သေးဘူး ၊ ဥပဒေကို ဘယ်လို စီမံဆုံးဖြတ်နေတယ်မသိဘူး ၊ သူ့အိမ်မှာ သူ့အဖေရှေ့မှာပဲ ဖမ်းခေါ်သွားတာ မိန်းကလေးလဲဖြစ်နေလို့ အမြန်ဆုံးပြန်လွတ်လာစေချင်ပါတယ်” လို့ ကာယကံရှင် မိသားစုနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ် ။

 

နန်းယိင်းဟွမ်ဟာ မိုင်းယော်တိုက်နယ် လုံမွန်ကျေးရွာဇာတိဖြစ်ပြီး မိုင်းယော်မြို့က ဖုန်းအရောင်းဆိုင်တစ်ခုမှာအလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ MNDAA တပ်သားတွေနဲ့ ဖုန်းအရောင်းဆိုင်မှာ သိကျွမ်းခဲ့တာကလွဲလို့ ဘာပတ်သက်မှုမှ မရှိဘူးလို့ နီးစပ်သူတွေကဆိုပါတယ်။

 

MNDAA က နန်းယိင်းဟွမ် ကိုဖမ်းဆီးခေါ်ဆောင်သွားတာ၂၂ ရက်ခန့်ရှိပြီဖြစ်ပြီး မိသားစုဝင်တွေနဲ့လဲ တွေ့ခွင့် မရသေးပါဘူးလို့ သိရပါတယ် ။

 

နန်းယိင်းဟွမ်လွတ်မြောက်ဖို့အတွက် သက်ဆိုင်ရာရပ်မိရပ်ဖ၊ အရပ်ဘက်အဖွဲ့အစည်းတွေက နည်းမျိုးစုံတောင်းဆိုခဲ့ကြပေမဲ့ MNDAA တပ်ဖွဲ့က ဒီနေ့အထိ လွတ်ပေးခြင်းမျိုးမရှိသေးပါဘူး။

 

MNDAA တပ်ဖွဲ့အနေနဲ့ မတရားဖမ်းဆီးထားတဲ့ နန်းယိင်းဟွမ်ရဲ့ အသက် လုံခြုံရေးကို အာမခံပေးဖို့နဲ့ ချွင်းချက်မရှိအမြန်ဆုံးပြန်လွတ်ပေးဖို့ Free Nang Ying Hom အဖွဲ့ ကလည်းတောင်းဆိုထားပါတယ် ။