ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၆) ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ တရုတ်နိုင်ငံဝန်ကြီးချုပ် H.E Mr.Li နှင့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံမှုတွင် စစ်ကောင်စီခေါင်းဆောင်က “တရုတ်နိုင်ငံအစိုးရရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိခဲ့ပေမယ့် သူတို့(မြောက်ပိုင်းမဟာမိတ်)အနေနဲ့ အဲ့ဒီသဘောတူညီချက်ကို ချိုးဖောက်ပြီး မြို့ရွာတွေကို ဆက်လက်တိုက်ပွဲဖော်ဆောင်ခဲ့ပါတယ်။ သူတို့အနေနဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားရင် မိမိတို့အနေနဲ့ ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားပြီး ဆွေးနွေးဖို့ အသင့်ရှိပါတယ်။ MNDAA ၊ TNLA နှင့် AA အဖွဲ့(၃)ဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးလိုလားကြောင်း ရှင်းလင်းပြတ်သားသည့် လုပ်ဆောင်ချက်ပြသမှသာ မိမိတို့အနေဖြင့် ဆွေးနွေးမှုကို ဆောင်ရွက်နိုင်မည်”ဟု ပြောကြားခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည်။
တရုတ်နိုင်ငံဘက်ကလည်း မြန်မာနိုင်ငံမြောက်ပိုင်း တည်ငြိမ်းရေး အရေးကြီးကြောင်း အဆိုပါတွေ့ဆုံမှုတွင် သတိပေးခဲ့သလို နယ်စပ်ဂိတ်များတွင် ကုန်သွယ်မှုပိတ်ဆို့ထားသော တရုတ်နိုင်ငံသည် အဆိုပါဂိတ်များကို မြန်မာနိုင်ငံအစိုးရက အပြည့်အဝစီမံခန့်ခွဲနိုင်အောင် လုပ်ဆောင်သွားမည်ဟု ပြောခဲ့ကြောင်း သိရသည်။
မဟာမဲခေါင်ထိပ်သီးအစည်းအဝေးကို ယနေ့ နံနက်ပိုင်းစတင်ပြီး တရုတ်နိုင်ငံ ကူမင်းမြို့၌ ကျင်းပပြုလုပ်လျက်ရှိပြီး စစ်ကောင်စီခေါင်းဆောင်အပြင် တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာလီချန်၊ ကမ္ဘောဒီးယား ဘုရင့်နိုင်ငံဝန်ကြီးချုပ် ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံ ဝန်ကြီးချုပ် ၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်၊ ဗီယက်နမ်နိုင်ငံဝန်ချုပ်၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဌနှင့် အာဆီယံနိုင်ငံမှ ထိပ်သီးခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။