နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

MDY-PDF နှင့် TNLA ပူးပေါင်းအဖွဲ့ နောင်ချိုမြို့နယ် သံဘိုရွာစစ်ကောင်စီစခန်းအား သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီးသက်အောင်ကို အရှင်ဖမ်းမိ

MDY-PDF နှင့် TNLA ပူးပေါင်းအဖွဲ့ နောင်ချိုမြို့နယ် သံဘိုရွာစစ်ကောင်စီစခန်းအား သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီးသက်အောင်ကို အရှင်ဖမ်းမိ

Hsan Loi Editor
04/01/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် သံဘိုရွာတွင် အခြေချထားသည့် စစ်ကောင်စီအဖွဲ့အား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၂)ရက်နေ့တွင် MDY-PDF နှင့် TNLA တို့ ပူးပေါင်းပြီး စတင်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဇန်နဝါရီလ (၃) ရက်နေ့တွင် သံဘိုကျေးရွာရှိ စစ်ကောင်စီစခန်းအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကြောင်းမှူး ဗိုလ်မှူးကြီးသက်အောင် ကို အရှင်ဖမ်းဆီးရမိခဲ့သည်ဟု MDY-PDF က ထုတ်ပြန်ခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအများအပြား ထိခိုက်သေဆုံးခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့လည်း ကျဆုံးခဲ့သည်ဟု သိရသည်။ စစ်ကောင်စီ၏ Drone Jammer စက်အကြီးများအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့သည်ဟုဖော်ပြထားသည်။

ဓာတ်ပုံများအရ စစ်ကောင်စီ​၏ တပ်ဖွဲ့ဝင်များသည် အင်အားချိနဲ့လာပြီး စုပေါင်းအင်အားဖြင့် တော်လှန်ရေးအင်အားစုများကို ခုခံနေရခြင်းဖြစ်ကြောင်း သုံးသပ်ရသည်။

ဖမ်းဆီးခြင်းခံထားရသော ဗိုလ်မှူးကြီးသက်အောင်သည် သင်ကြား​ရေးပိုင်းမှဖြစ်ပြီး စစ်တိုက်ဖူးသည့် အတွေ့အကြုံ မရှိဘဲပထမဆုံး ​ရှေ့တန်းထွက်လာသူဖြစ်​ကြောင်း သတင်းရရှိသည်။