ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
Happy water ဆိုတာ လူကိုမပင်ပမ်းပဲ ခုန်ပေါက်ကခုန်စေနိုင်တဲ့ အိပ်ပဲပျော်နေသ လိုလို မျောပဲမျောနေသလိုလို Pleasant floating feeling ကိုခံစားရစေပြီး လူကိုတက် ကြွပြီး တော့ အားရှိစေတဲ့ အရေတစ်မျိုးပဲဖြစ်ပါတယ်။
Happy water ကို Deadly Cocktail လို့လဲခေါ်ပါတယ်။ အခုနောက်ပိုင်း အရှေ့တောင် အာရှ နိုင်ငံတော်တော်များများမှာ သတိပေးတားမြစ်ချက်တွေ ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ထိုင်းနဲ့ မြန်မာနိုင်ငံနယ်စပ်တွေမှာ အရမ်းကိုခေတ်စားလာခဲ့ပြီး နိုင်ငံတွင်းက မြို့ကြီးတွေရဲ့ Club နဲ့ Bar တွေမှာ ပေါ်ပေါ်ထင်ထင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတယ်။
Deadly Water ဆိုတဲ့အတိုင်း ရေဆိုတာက အရောင်အဆင်းအနံ့အရသာ လုံး၀မရှိပါဘူး ၊ ဒါပေမဲ့ အဲ့ဒီရေထဲမှာကတော့ Caffeine , Diazepam ,Ecstasy (MDMA) , Ketamine , Methamphetamine , Tramadol ဆိုတဲ့ ဓါတ်ပေါင်း (၆) မျိုးတိတိပါဝင်ပါတယ်။
လူကို မပင်မပမ်းပဲ ခုန်ပေါက် ကခုန်စေနိုင်တယ် အဲ့ဒီနောက်မှာတော့ အိမ်မက်ပဲမက်နေသလိုလို မျောပဲမျောနေသလိုလို Pleasant floating feeling ကို ခံစားရစေပါတယ်။ တက်ကြွပြီးတော့ လူကိုအားရှိစေသလိုလဲ ခံစားရရှိစေပါတယ်။ နာကျင်မှုကိုမရှိစေဘူး ၊ နာကျင်မှုကိုပျောက်စေတယ် ၊ အခြားသောစိတ်ကြွဆေးတွေလိုမျိုး သောက်စရာ၊ ရှူစရာ ၊ ထိုးစရာလုံး၀မလိုပါဘူး ။ မိမိသောက်နေတဲ့ ဖျော်ရည်ထဲကို အနည်းငယ်ထည့်လိုက်ရုံနဲ့ ဒါမှမဟုတ်ရင် မိမိသောက်မယ့် ရေထဲကိုရောသုံးနိုင်တဲ့ Happy water ဖြစ်ပါတယ်။
Happy water ကတော့ပုံစံ မျိုးစုံနဲ့လာလေ့ရှိပါတယ်။ အကြမ်းအားဖြင့် ဆေးဗူး ပုံစံနဲ့လာတယ် လိုးရှင်းဗူးပုံစံလေးတွေနဲ့လဲ လာတယ်။ မျိုးစုံလာလေ့ရှိပါတယ်။
ဒါပေမဲ့ Happy water ရဲ့ ဘေးထွက်ဆိုးကျိုးလက္ခ ဏာအနေနဲ့ကတော့ လူကိုခေါင်း ကိုက်စေမယ် ၊ ခံတွင်းပျက်စေမယ် ၊အစားအသောက် လုံး၀မစားချင်ဘူး ၊ မှတ်ဉာဏ်စွမ်းအားတွေ လျော့နည်းလာမယ် စတဲ့ ဘေးထွက်ဆိုးကျိုးတွေကို စတင်ခံစားလာရမှာ ဖြစ်ပါတယ်။
ကာလကြာရှည်အသုံးပြုလာပြီဆိုရင်တော့ အိပ်ပျော်ဖို့ခက်ခဲလာမယ် ၊ ပျော်ရွင်မှုရရှိဖို့အတွက် ခက်လာတဲ့အတွက်ကြောင့် ထပ်ခါထပ်ခါ သုံးစွဲမိလာရာကနေပြီးတော့ စွဲလမ်းခြင်းပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့လာရပါမယ်။ စိတ်ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်လာရမယ်။ စိတ်ထင်ယောင်ထင်မှားဖြစ်တာတွေ ၊ စိတ်ကစဉ့်ကလျားဖြစ်တာတွေလည်း ကြုံတွေ့လာရမယ်။ နောက်ဆုံးအနေနဲ့ကတော့ ကိုယ်ဟန်ချက် ထိန်းညှိဖို့ခက် ခဲလာတာတွေအထိ ဖြစ်ပေါ်လာနိုင်ပါတယ်။
“Happy water ကို အလွန်အကျွံသုံးစွဲထားတဲ့ လူနာတစ်ဦးဟာ ဆေးရုံရောက်ရောက်ခြင်း ပထမပါတ်မှာတော့လုံး၀ကို အိပ်ပျော်နေပါတယ် ၊ ရက်ပေါင်းများစွာ နှစ်ပေါင်းများစွာ မအိပ်စက်လာရတဲ့အတွက် အချိန်ယူပြီးအိပ်နေတဲ့ ပုံစံတွေ့ရတယ်။ နောက်တစ်ရက် ပြန်ထလာတဲ့ အချိန်မှာတော့ သူများပြောတဲ့ စကားကိုသူနားလည်တယ် ၊ ဒါပေမဲ့ သူဘယ်လို စကားလုံးမျိုးနဲ့ ပြန်တုံ့ပြန်ရမှာကိုသူမသိတော့ဘူး ၊ လမ်းပြန်လျှောက်တဲ့ အချိန်မှာလဲ အရမ်းကိုခက်ခဲခဲ့ပါတယ် သူ့ရဲ့ဟန်ချက်ကို ကိုယ်နေကိုယ်ထားကို ထိန်းဖို့ တော်တော်လေး ကြိုးစားရပါတယ် ။ လမ်းလျှောက်နေရင်းက ရုတ်တရက်ကြောက်လာပြီး ငိုတဲ့ အခြေအနေတွေအထိ ဖြစ်ပွားခဲ့ပါတယ်။ တစ်ရက်နဲ့တစ်ရက်ကလည်း သူ့ရဲ့ဖြစ်ပေါ်လာတဲ့ ရောဂါလက္ခဏာ တွေကို ကြည့်ခြင်းအားဖြင့် အမြဲတမ်းပဲ စိတ်ကြွနေတာလား ဆိုလည်း မဟုတ်ဘူး ၊ စိတ်ဓါတ်ကြွလိုက် ၊ စိတ်ဓါတ်ကျလိုက် ကိုယ်ပြောတဲ့ စကားတွေကို နားလည်လိုက် နားမလည်လိုက်၊ သူစကားပြောတတ်လိုက် မပြောတတ်လိုက်ဆိုတဲ့ လုံး၀လုံး၀ မှန်းလို့မရတဲ့ အခြေအနေတွေကနေ ဖြည်းဖြည်းချင်းစီ ကျော်လွှားနေပါတယ် ။ နောက်ပိုင်းမှာလဲ ဘယ်လိုအခြေအနေတွေအထိဖြစ်ပေါ်လာမှာလည်းဆိုတာ လုံး၀ကို ခန့်မှန်းလို့မရပါဘူး” လို့ အားကစားနဲ့လေ့ကျင့်ခန်းဆိုင်ရာ ဆေးပညာဆရာဝန်တစ်ဦး ဖြစ်တဲ့ ဒေါက်တာအိသက်ငြိမ်းက သူ့ရဲ့အတွေ့အကြုံကို မျှဝေထားပါတယ်။
Happy water ဟာဆေး (၆) မျိုးကိုပေါင်းစပ်ပြီးထုတ်လုပ်ထားတာဖြစ်တဲ့အတွက်၊ ဘေးထွက်ဆိုးကျိုးတွေကို အတိတအကျပြောလို့မရပါဘူး။ အဆိုးဆုံးအနေနဲ့ကတော့ အသက် အန္တရယ်ဆုံးရှုံးသည်အထိ ဖြစ်ပွားနိုင်တဲ့ အတွက်သတိထား သုံးစွဲသင့်ပါတယ်။
Happy water နဲ့ပတ်သက်ပြီးဆေးပညာ အခေါ်အဝေါ်နဲ့ တစ်ချို့သောအချက်အလက်ကို အားကစားနဲ့လေ့ကျင့်ခန်းဆိုင်ရာ ဆေးပညာဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာအိသက်ငြိမ်းရဲ့မျှဝေမှုကနေ ကောက်နုတ် ဖော်ပြထား တာဖြစ်ပါတယ်။
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/