နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

AIR KBZ လေယာဉ်ပေါ်တွင် မွေးဖွားခဲ့သော သမီးငယ်လေး တစ်သက်တာလေယာဉ်စီးနှင်းခွင့်ပြုမည်ဟုဆို

AIR KBZ လေယာဉ်ပေါ်တွင် မွေးဖွားခဲ့သော သမီးငယ်လေး တစ်သက်တာလေယာဉ်စီးနှင်းခွင့်ပြုမည်ဟုဆို

Hsan Loi Editor
28/08/2023
Share:

 

ဩဂုတ်လ(၂၄)ရက်နေ့ ညနေ(၅း၄၅)မိနစ်တွင် သျှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှ ရန်ကုန်သို့ ထွက်ခွာသည့် AIR KBZ လေယာဉ်ပေါ်တွင် အောင်မြင်စွာမွေးဖွားခဲ့သော သမီးငယ်လးသည် တစ်သက်တာလေယာဉ်စီးနှင်းခွင့်ရရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

AIR KBZ လေယာဉ်သည် တာချီလိတ်မြို့တာချီလိတ်လေဆိပ်မှ စတင်ထွက်ခွာပျံသန်းပြီး နာရီဝက်ခန့်အကြာတွင် ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးက ဗိုက်နာလာသောကြောင့် လေယာဉ်ကို တာချီလိတ်လေဆိပ်သို့ အရေးပေါ် ပြန်လည်ဆင်းသက်ခဲ့ရသည်။ ထို့နောက် လေယာဉ်ပေါ်တွင်ပင် သမီးငယ်လေးအား အောင်မြင်စွာဖွားမြင်နိုင်ခဲ့သည်ဟု သိရသည်။

 

ယခုအခါ ကလေးငယ်နှင့်မိခင်ဖြစ်သူသည် ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး လေယာဉ်ပေါ်တွင် မွေးဖွားခဲ့သူသမီးငယ်လေးအား AIR KBZ မှ တစ်သက်တာလေယာဉ်စီးနှင်းခွင့်ပြုမည်ဟု သတင်းရရှိသည်။