နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

AA က ရခိုင်ပြည်နယ်ရှိ မြို့(၁၄)မြို့ သိမ်းပိုက်ထားပြီးချိန်မှာ စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က စစ်တွေမြို့ရှိ ရန်ပြေမာန်ပြေဘုရားကြီးမှာ သွားရောက်ပူဇော်ကန်တော့

AA က ရခိုင်ပြည်နယ်ရှိ မြို့(၁၄)မြို့ သိမ်းပိုက်ထားပြီးချိန်မှာ စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က စစ်တွေမြို့ရှိ ရန်ပြေမာန်ပြေဘုရားကြီးမှာ သွားရောက်ပူဇော်ကန်တော့

Hsan Loi Editor
12/01/2025
Share:

 

ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့ပေါင်း(၁၄)မြို့ကို AA က တိုက်ခိုက်သိမ်းပိုက်ထားပြီးချိန်မှာ စစ်ကောင်စီ လက်အောက်ခံ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဆိုသူနှင့် အဖွဲ့ဝင်များက ယနေ့ ဇန်နဝါရီလ(၁၂) ရက် နံနက်ပိုင်းက စစ်တွေမြို့မှာရှိတဲ့ ရန်ပြေမာန်ပြေဘုရားကြီးမှာ သွားရောက်ပူဇော်ကန်တော့ပြီး ဘုရားအနေကဇာတင်ပူဇော်နေတယ်လို့ သိရပါတယ်။

 

ရခိုင်ပြည်နယ်မှာ မြို့နယ်(၁၇)မြို့နယ်ရှိပြီး အာရက္ခတပ်တော် AA က (၁၄)မြို့နယ်ကို တိုက်ခိုက် သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့များသာ စစ်ကောင်စီက ထိန်းချုပ်ထား နိုင်တာဖြစ်ကာ ကျန်ရှိတဲ့ မြို့(၃)မြို့ ထပ်မံလက်လွတ်ဆုံးရှုံးမှုမခံရအောင် စစ်ကောင်စီတပ်များက အင်အားဖြည့်တင်းပြီး ခံစစ်ပြင်ထားသလို တန်ခိုးကြီးဘုရားမှာလည်း သွားရောက်ဆုတောင်းမှုပြုလုပ် နေတာပါ။

 

ရခိုင်ဒေသမှာ စစ်ရေးနိမ့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာ များမှာ ပြည်သူများကို ပစ်မှတ်ထားပြီး လူနေအိမ်ရပ်ကွက်များ၊ ဘာသာရေးအဆောင်အအုံများနဲ့ စာသင်ကျောင်းတို့ကို လေကြောင်းနဲ့ နေ့စဥ်ဗုံးကြဲတိုက်ခိုက်နေပြီး အပြစ်မဲ့ပြည်သူ များစွာအသက် ဆုံးရှုံးရသလို နေအိမ်အဆောက်အအုံလည်း များစွာပျက်စီးတယ်လို့ သိရပါတယ်။