သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သျှမ်းမြောက် မန်တုံမြို့ပေါ်သို့ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲခဲ့ပြီး ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရကာ လက်ဖက်စက်ရုံ ဗုံးထိမှန်ပျက်စီး

သျှမ်းမြောက် မန်တုံမြို့ပေါ်သို့ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲခဲ့ပြီး ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရကာ လက်ဖက်စက်ရုံ ဗုံးထိမှန်ပျက်စီး

Hsan Loi Editor
04/09/2024
Share:

 

သျှမ်းပြည်မြောက်ပိုင်း၊ မန်တုံမြို့မှာ စက်တင်ဘာ လ(၃)ရက် ည ၁၁ နာရီခန့်အချိန်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် လာရောက်ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ပြည်သု(၂)ဦး ထိခိုက်ဒဏ်ရာရရှိကာ လက်ဖက်စက်ရုံအပါအဝင် လူနေအိမ်များပါ ထိခိုက်ပျက်စီးကြောင်း သိရသည်။

 

မန်တုံမြို့အစွန်၊ မြို့မရပ်ကွက်အတွင်းရှိ ပုဂ္ဂလိက လက်ဖက်ခြောက်အချိုခြောက်စက်ရုံနှင့် အိမ် ၅ လုံး ဗုံးထိမှန်ပျက်စီးပြီး ၎င်း စက်ရုံမှ အလုပ်သမား၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်မှ သိရသည်။

 

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက အရပ် သား ပြည်သူများရှိရာနေရာကို ဦးတည်ပြီးလေကြောင်း ဖြင့် အကြောင်းမဲ့တိုက်ခိုက်ရာ ယခုနှစ်ဇူလိုင်လလယ်မှ စက်တင်ဘာလ ၃ ရက်နေ့အထိ အရပ်သားပြည်သူ ၂၀ ကျော် သေဆုံးခဲ့ရပြီး ၅၀ ခန့် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးကြောင်း သိရသည်။

 

မန်တုံမြို့ကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ(၂၂) ရက်နေ့က တအာင်း TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။