သျှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့ လုမ္ဗနီကျောင်းတွင် သျှမ်းရိုးရာ ထင်းရှူးမီးထွန်းပူဇော်ပွဲကို ယနေ့ စက်တင်ဘာလ (၂) ရက်နေ့ ညနေပိုင်း (၆) နာရီခန့်တွင် ပြုလုပ်ခဲ့သည်။
သျှမ်းရိုးရာ မီးထွန်းပွဲနှင့်အတူ သျှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားသော စစ်ပွဲများကြောင့် ဒုက္ခရောက်ကြရသည့် ပြည်သူပြည်သားများအတွက် ဆုတောင်းမေတ္တာပို့သခဲ့သည်ဟုဆိုသည်။
