နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု‌ကြောင့် ဒေသခံ(၂)ဦးသေဆုံး၊ (၂)ဦး ဒဏ်ရာရရှိပြီး စာသင်ကျောင်းနှင့်နေအိမ်များ ထိခိုက်ပျက်စီး

သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု‌ကြောင့် ဒေသခံ(၂)ဦးသေဆုံး၊ (၂)ဦး ဒဏ်ရာရရှိပြီး စာသင်ကျောင်းနှင့်နေအိမ်များ ထိခိုက်ပျက်စီး

Hsan Loi Editor
27/08/2024
Share:

 

သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့တွင် ယနေ့ ဩဂုတ်လ (၂၇)ရက် နံနက်အစောပိုင်းအချိန်က စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် လာရောက်ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသား(၂)ဦး သေဆုံးခဲ့ပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိကာ စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးကြောင်း PSLF/TNLA က ထုတ်ပြန်ခဲ့ပါသည်။

 

ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီပေါမြို့၊ အုတ်ကျင်းရပ်ကွက်ရှိ အသက်(၆၀)အရွယ် ဦးဖိုးလူနှင့် အသက် (၅၀)အရွယ် ဦးအောင်နိုင်တို့ (၂)ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

 

ထို့အပြင် အုတ်ကျင်းရပ်ကွက်ရှိ အမက(၃) စာသင် ကျောင်း(၁)ကျောင်း၊ အမှတ်(၃)အထက စာသင်ကျောင်း (၁)ကျောင်းနှင့် ပန်းတိမ်တောင်(မြောက်)ရပ်ကွက်အတွင်း ဗုံးများကျရောက်ပေါက်ကွဲခဲ့ပြီး စာသင် ကျောင်းများနှင့် နေအိမ်များ ထိမှန်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ထားပါသည်။

 

ဩဂုတ်လ (၁)ရက်နေ့မှ ယနေ့ သြဂုတ်လ (၂၇) ရက်နေ့ထိ သီပေါမြို့အတွင်း စစ်ကောင်စီတပ်မှလေကြောင်း နှင့်လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၂၁)ဦး သေဆုံးခဲ့ပြီး ကလေးငယ်(၁၀)ဦး အပါအဝင် (၅၉)နီးပါး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။