နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက အပြီး သတ် သိမ်းပိုက်နိုင်ခဲ့ပြီး ဒုဗိုလ်မှူးကြီး စိုးမင်းသူကို အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိ

သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက အပြီး သတ် သိမ်းပိုက်နိုင်ခဲ့ပြီး ဒုဗိုလ်မှူးကြီး စိုးမင်းသူကို အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိ

Hsan Loi Editor
26/08/2024
Share:

 

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ဒုဗိုလ်မှူးကြီး စိုးမင်းသူ အား အရှင်ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိကြောင်း ပြည်သူ့ကာကွယ် ရေးတပ်မတော် (မန္တလေး)မှ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့်ပူးပေါင်း တပ်ဖွဲ့တို့က သပိတ်ကျင်းမြို့အား ဩဂုတ်လ (၁၇)ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ ဩဂုတ်လ (၂၅)ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ကြောင်း MDY-PDF က ယနေ့ ထုတ်ပြန်ထားပါသည်။

 

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီဘက်မှ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးသီးအလုံး (၇၀) ကျော် ကြဲချ တိုက်ခိုက်ပြီး Y-12 ဖြင့် ဗုံးသီး (၁၅၀) ကျော် ကြဲချတိုက်ခိုက်၍ Mi-35 (၂) စီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

 

ထို့အပြင် စစ်ကောင်စီဘက်မှ ဒု-ဗိုလ်မှူးကြီး စိုးမင်းသူ (ကြည်း) အား ဖမ်းဆီးရမိပြီး လက်နက်မျိုးစုံ (၆၈) လက်၊ ကျည်မျိုးစုံ (၁၈၆၆၉) တောင့်၊ ဗုံးသီးမျိုးစုံ (၄၂) လုံး၊ RPG ဒုံးသီး (၃၆) လုံး၊ Jammer (၃) လုံး၊ ဆက်သွယ်ရေးစက် (၁) ခုနှင့် အခြားလူသုံးကုန် စက်ပစ္စည်းအချို့ သိမ်းဆည်းရမိကြောင်း သိရသည်။

 

အဆိုပါ စခန်းသိမ်းတိုက်ပွဲများတွင် တော်လှန်ရေးတပ်ဖွဲ့ မှ ရဲဘော်(၄)ဦး ကျဆုံးမှုရှိကြောင်း သိရသည်။

 

ယခု မိုးကုတ်နှင့် စဉ့်ကူးလမ်းပိုင်းကြားရှိ စစ်ကောင်စီ ၏ ဗျူဟာမြောက်တပ်စခန်းများ အပါ အဝင် စခန်းငယ်များအားလုံး ကင်းစင်သွားပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ ထုတ်ပြန်ထားကြောင်း သိရပါသည်။