သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တောင်ကြီးမြို့၌ တရားဝင်ရောင်းချပေးသော ဓာတ်ဆီဆိုင်များအစား မှောင်ခိုဈေးကွက်တွင် ဓာတ်ဆီများ ဝယ်ယူရန် ပိုမိုလွယ်ကူနေဟုဆို

တောင်ကြီးမြို့၌ တရားဝင်ရောင်းချပေးသော ဓာတ်ဆီဆိုင်များအစား မှောင်ခိုဈေးကွက်တွင် ဓာတ်ဆီများ ဝယ်ယူရန် ပိုမိုလွယ်ကူနေဟုဆို

Hsan Loi Editor
24/08/2024
Share:

 

ဓာတ်ဆီပြတ်လပ်လာမှုနှင့်အတူ မြန်မာနိုင်ငံတစ်နိုင်ငံလုံး စက်သုံးဆီရရှိရေးအတွက် ပြည်သူများ တန်းစီစောင့်ဆိုင်းပြီး ခက်ခက်ခဲခဲ ဆီဖြည့်နေရသည်။ တောင်ကြီးမြို့တွင်လည်း စက်သုံးဆီဆိုင်များက အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး အချို့သော ဒေသခံများသည် ဆီရရှိရေးအတွက် ညကတည်းက ကြိုတင်တန်းစီကြရကြောင်း သိရသည်။

 

သို့သော် စက်သုံးဆီများအား ဝယ်ယူထားပြီး ပြန်လည်ရောင်းချသော မှောင်ခိုဈေးကွက်မှ ဆီများကိုတော့ အလွယ်တကူဝယ်ယူနိုင်နေပြီး မူလပေါက်ဈေး၏ ၂ ဆကျော်ခန့် ပေးဝယ်နေရသည်ဟုဆိုသည်။

 

“ဓာတ်ဆီဆိုင်တွေက အကန့်အသတ်နဲ့ပဲရောင်းပေးတော့ တစ်ချို့ဆီတကယ်လိုအပ်တဲ့သူတွေက ၄/၅ နာရီနီးပါးလောက်စောင့်ရပေမယ့် ဆီမရတာတွေရှိကြတယ်။ တချို့တွေကလည်း ညကတည်းက တန်းစီပြီး ဆီရဖို့ စောင့်ကြရတာတွေရှိတယ်။ မှောင်ခိုဈေးကွက်မှာတော့ ဆီကို လိုသလောက်လွယ်လွယ်ဝယ်လို့ ရနေပေမယ့် ဆီတစ်လီတာကို ၇ ထောင်ကနေ ၈ ထောင်ကျပ်အထိ ပေးဝယ်ရတယ်။ တကယ်တမ်း ဆီပန့်ဆိုင်တွေမှာရောင်းပေးတာက ၃၀၀၀ ကျပ်ဝန်းကျင်လောက်ပဲရှိတာကို တချို့တွေက အများကြီးဝယ်ထားပြီး ပြန်ရောင်းကြတာပေါ့။” ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောသည်။

 

“တချို့ဆီဆိုင်တွေက တန်းစီဝယ်တဲ့သူတွေကိုသာ အကန့်အသတ်နဲ့ရောင်းနေတာ တကယ်တမ်း ဘေပါအလိုက် ဝယ်တဲ့သူတွေကိုကျတော့ ညဘက်တွေမှာ ခိုးရောင်းပေးကြတယ်။ အဲ့လိုလူတွေကနေတဆင့် မှောင်ခိုဈေးကွက်ထဲရောင်းပြီး ဆီဈေးအဆမတန်ကြီးနေတာပေါ့။ တချို့ ဆီဆိုင်တွေဆိုရင်လည်း သူများက ၃၀၀၀ ဝန်းကျင်လောက်ပဲရောင်းတာကို သူတို့က ၄၅၀၀ ကနေ ၅၀၀၀ ကျပ်အထိ ရောင်းချနေတာတွေရှိတယ်။ ဟိုပုံးဘက်က ဆီပန့်ဆိုင်အသေးတွေဆိုရင် သူများမရောင်းတဲ့အချိန် သူတို့က ဈေးတင်ပြီး ပြန်ရောင်းကြတယ်။”ဟု နောက်ထပ် တောင်ကြီးဒေသခံတစ်ဦးကလည်း ပြောပြသည်။

 

တောင်ကြီးမြို့၌ ဒေသခံများအပြင် စစ်ဘေးရှောင်လာကြသော အနယ်နယ်အရပ်ရပ်က မိဘပြည်သူများကြောင့် လူပိုများလာသလို မော်တော်ကားလည်း မြို့တွင်း ပြည့်ကြပ်နေကြောင်း သိရသည်။