နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မောက်မယ် နှင့် လင်းခေးကြား တောင်ပြိုမှုဖြစ်ပွား

မောက်မယ် နှင့် လင်းခေးကြား တောင်ပြိုမှုဖြစ်ပွား

Hsan Loi Editor
23/08/2024
Share:

 

သျှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့ မှ လင်း‌ခေး မြို့သို့ သွားရာလမ်း တစ်နေရာမှာ တောင်ပြိုမှုဖြစ်ပွားကြောင်း သိရသည်။

 

လင်းခေးမြို့နယ်ရှိ ဝမ်ဟတ်တိုက်နယ် နမ့်တွန်ရွာအနီး မောက်မယ်-လင်းခေး ကားလမ်း‌ပေါ်မှာ ယနေ့ ဩဂုတ်လ(၂၃)ရက်မှာ တောင်ပြိုမှုဖြစ်ပွားပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားကြောင်း သိရသည်။

 

ပြီးခဲ့သည့် တစ်ပတ်က အဆိုပါ နေရာအား လမ်းနှုတ်ခမ်းပဲ့မှု ဖြစ်ပွားခဲ့ကာ ယမန်နေ့ညက မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့် တောင်ပြိုမှု ထပ်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

 

ထို့အပြင် လင်းခေး ၊ မောက်မယ် နှင့် မိုးနဲ့ တို့မှာလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ထပ်မံ ဖြစ်ပွားကြောင်း သိရပါသည်။

 

သျှမ်းပြည်တောင်ပိုင်းနှင့် အရှေ့ပိုင်းမှာ မိုးကြီးနိုင်ပြီး တောင်ပြိုခြင်း၊ ရေကြီးခြင်း အန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒပညာရှင်က ယမန်နေ့ ဩဂုတ်လ (၂၂)ရက်နေ့မှာ ထုတ်ပြန်ကြေငြာထားကြောင်း သိရှိရပါသည်။