၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက် ယမန်နေ့ နံနက် ၉း၀၀ ခန့်က ပင်လုံမြို့ ဆနင်းကျေးရွာဘက်မှ ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေးရွာဘက်သို့ မောင်းလာသော ဒိုင်နာ အပြာရောင်တစီးကို စစ်ကောင်စီဘက်က တားဆီးစစ်ဆေးရာ အစစ်ဆေးမခံဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။
ယာဉ်ပေါ်လိုက်ပါလာသူများ ထွက်ပြေးသွားကြပြီး Type-81 အမျိုးအစား လက်နက် ၄၉၉ လက်၊ ၎င်းကျည်အိမ် ၄၉၈ ခုနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟုဆိုသည်။
စစ်ရေးအတွေ့အကြုံရှိသူ များပြောဆိုချက်အရ ယင်းလက်နက်မျိုးများသည် UWSA က အသုံးပြုသော လက်နက်အမျိုးအစားများဖြစ်သည်ဟု ပြောပါသည်။


#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/