ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

အိမ်နီးချင်းထိုင်းနိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူတစ်ဦးတွေ့ရှိ

အိမ်နီးချင်းထိုင်းနိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူတစ်ဦးတွေ့ရှိ

Hsan Loi Editor
22/08/2024
Share:

 

အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အာဖရိကနိုင်ငံတစ်ခုမှ ထိုင်းနိုင်ငံသို့ ခရီးသွားလာသူ ဥရောပအမျိုးသား တစ်ဦးထံ မျောက်ကျောက်ရောဂါ တွေ့ရှိကြောင်း ထိုင်းကျန်းမာဝန်ကြီးဌာနက ယနေ့ သြဂုတ်လ(၂၂) ရက်နေ့မှာ အတည်ပြု ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရပါသည်။

 

အမျိုးသားတစ်ဦးတွင် တွေ့ရှိသည့် မျောက်ကျောက်ရောဂါသည် Clade 1b ရောဂါပိုးဖြစ်ကြောင်း အတည်ပြုခဲ့ပြီး အဆိုပါ လူနာနှင့် နီးကပ်စွာ ထိတွေ့မှုရှိသော လူ(၄၃)ဦးတွင် ယခုအချိန်ထိ ရောဂါပိုး ကူးစက်မှု လက္ခဏာ မပြသေးကြောင်း သိရပါသည်။

 

အဆိုပါ Mpox (သို့မဟုတ်) Monkeypox လို့ခေါ်သည့် မျောက်ကျောက်ရောဂါပိုးသည် ပျံ့နှံ့နေသည့် အမျိုးအစားပေါ်မူတည်ပြီး Clade I ၊ Clade IIa နှင့် Clade IIb ဟူ၍ အမျိုးအစား ၃ မျိုး ရှိကြောင်း သိရသည်။

 

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံမှာ ဖြစ်ပွားမှု ၁၄၀ ဦးရှိပြီး အဆိုပါ ကူးစက်လူနာများအားလုံးသည် Clade IIb အမျိုးအစားထဲ ပါဝင်ကာ မျောက်ကျောက်ရောဂါကြောင့် ထိုင်းမှာသေဆုံးသူ ၁၀ ဦးရှိပြီး ၎င်းမှာ HIV ပိုး ကူးစက်ခံထားရသူများ ဖြစ်ကြကြောင်း ထိုင်းသတင်းမီဒီယာများ ဖော်ပြချက်အရ သိရသည်။

 

အာဖရိကတိုက် အလယ်ပိုင်းဒေသများတွင် စတင်ပေါ်ပေါက်လာသည့် မျောက်ကျောက်ရောဂါ သည် လိင်ဆက်ဆံခြင်း၊ အရေပြားချင်း ထိတွေ့ခြင်းကနေ ကူးစက်ပြီး အဆိုပါရောဂါသည် နိုင်ငံဖြတ်ကျော်ကူးစက်မှု များပြားလာြခင်းကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ် အခြေအနေ ကြေညာထားကြောင်း သိရှိရပါသည်။