နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ကရင်နီပြည် မော်ချီးဒေသမှာ မိုးများပြီး မြေပြိုမှုဖြစ်ပွားကာ လူတစ်ဦးသေဆုံးမှုဖြစ်ပေါ်

ကရင်နီပြည် မော်ချီးဒေသမှာ မိုးများပြီး မြေပြိုမှုဖြစ်ပွားကာ လူတစ်ဦးသေဆုံးမှုဖြစ်ပေါ်

Hsan Loi Editor
22/08/2024
Share:

 

ကရင်နီပြည် ဖားဆောင်းမြို့နယ် ၊ မော်ချီးဒေသမှာ ယမန်နေ့ ဩဂုတ်လ(၂၁)ရက်နေ့ မွန်းလွှဲပိုင်းအချိန်က မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားကာ အသက်(၂၁)အရွယ် အမျိုးသားတစ်ဦး သေဆုံးကြောင်း သိရသည်။

 

မော်ချီးဒေသရှိ ညောင်ပင်ရပ်ကွက်နှင့် ကွက်သစ်ရပ်ကွက်မှာ မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုရှိသည့်အပြင် နေအိမ်ပျက်စီးမှုများလည်း ရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်မှ သိရသည်။

 

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက အလားတူ မြေပြိုမှုမျိုးဖြစ်ခဲ့ပြီး လူအသေအပျောက် မရှိကြောင်းလည်း သိရပါသည်။

 

မော်ချီးသည် လွိုင်ကော်မြို့၏ တောင်ဘက် ၉၃ မိုင် အကွာ ပင်လယ်ရေမျက်နှာပြင်ထက် ပေ ၄,ဝဝဝ ကျော်မြင့်သော အရပ်တွင် တည်ရှိပြီး ခဲမဖြူ၊ အဖြိုက်နက်နှင့် ခနောက်စိမ်း စသော အဖိုးတန် သတ္တုများထွက်ရှိရာ ဒေသဖြစ်ကြောင်း သိရှိရပါသည်။