သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

အကြမ်းဖက်စစ်ကောင်စီက CNDF ရဲဘော်တစ်ဦးအား မီးရှို့သတ်ဖြတ်

အကြမ်းဖက်စစ်ကောင်စီက CNDF ရဲဘော်တစ်ဦးအား မီးရှို့သတ်ဖြတ်

Hsan Loi Editor
21/08/2024
Share:

 

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ရှားတော‌ကျေးရွာမှာ ယမန်နေ့ဩဂုတ်လ (၂၀)ရက်နေ့က (Chin National Defense Force – CNDF) ရဲဘော်တစ်ဦးအား အကြမ်းဖက်စစ်ကောင်စီက မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်မှသိရသည်။

 

ကလေးမြို့မှ ရှားတောကျေးရွာဘက်သို့ စစ်ကြောင်း ထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် CNDF တပ်ဖွဲ့ဝင်တွေကြား ယမန်နေ့က အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် CNDF ရဲဘော် ဆလိုင်း ဗန်ထဘိခ့် Salai Van Tha Bik (အသက် ၂၆ နှစ်) အဖမ်းခံခဲ့ရကြောင်း သိရသည်။

 

ဖမ်းဆီးခံရသော ရဲဘော်အား စစ်ကောင်စီတပ်ဖွဲ့မှ သတ်ဖြတ်ပြီးပြီး ရှားတောကျေးရွာမှ နေအိမ်များကို မီးရှို့သည့်နေရာမှာ တစ်ပါတည်း ရှို့သွားတယ်လို့ CNO/CNDF ပြောခွင့်ရသူက ဒေသတွင်းမီဒီယာတစ်ခုကို အတည်ပြုပြောကြားထားပါသည်။

 

အဆိုပါ ရဲဘော်၏ ရုပ်အလောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ခရစ်ယာန်ထုံးတမ်းအစဉ်အလာအတိုင်း ကျန်ရှိသော ရုပ်ကလပ်များကို မြေမြှပ်သဂြိုလ် ပေးခဲ့ကြောင်း သိရသည်။