နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စက်သုံးဆီများဝယ်ယူရရှိရန် လွိုင်လင်မြို့က ပြည်သူ များ ညအိပ်စောင့်ဆိုင်းပြီး တန်းစီနေရ

စက်သုံးဆီများဝယ်ယူရရှိရန် လွိုင်လင်မြို့က ပြည်သူ များ ညအိပ်စောင့်ဆိုင်းပြီး တန်းစီနေရ

Hsan Loi Editor
18/08/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့မှ ဒေသခံပြည်သူများက စက်သုံးဆီများ ဝယ်ယူရရှိရန် ညအချိန်ကတည်းက အိပ်စောင့်ပြီး တန်းစီနေရကြောင်း သိရသည်။

 

ယနေ့သြဂုတ်လ(၁၈)ရက် နံနက်ပိုင်း(၇)နာရီမှ စပြီး ဆီဗန့်ဆိုင်များက စတင်ရောင်းချပေးနေကာ ကားတစ်စီးလျှင် (၃)သောင်းဖိုးသာ ဝယ်ယူနိုင်ကြောင်း သိရသည်။

 

“ ဆီမရမှာကြောက်လို့ ကျွန်တော်တို့ ညကတည်းက လာပြီးအိပ်စောင့်တာ၊ ကားတစ်စီးကို (၃)သောင်းပဲရတယ်၊ ဒီနေ့ ဆီဝယ်ဖို့ လာတန်းစီတဲ့သူ တော်တော်များတယ် “ လို့ လွိုင်လင်မြို့နေသူ တစ်ဦးက Hsan Loi Voice ကို ပြောသည်။

 

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ယနေ့သြဂုတ်လ (၁၈)ရက်နေ့ ၏ သျှမ်းပြည်နယ်အတွက် ရည်ညွှန်းလက်လီစျေးနှုန်းများ ထုတ်ပြန်ချက်အရ 92 ဓါတ်ဆီ စျေးနှူန်းမှာ တစ်လီတာ ၃၀၉၅ ကျပ်၊ 95 စျေးနှုန်းမှာ တစ်လီတာ ကျပ် ၃၂၄၅ ရှိပြီး ရိုးရိုးဒီဇယ် တစ်လီတာမှာ ကျပ် ၂၇၂၅ ဖြစ်ကာ ဒီဇယ်အသန့်မှာ တစ်လီတာလျှင် ၃၃၁၅ ကျပ် ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် တောင်ကြီးမြို့မှာလည်း ဆီဗန့်ဆိုင်မှာ တိုးဝှေ့တန်းစီစောင့်ဆိုင်းဝယ်ယူနေရကာ ပြင်ပဆိုင်တွေမှာ ဓါတ်ဆီ တစ်လီတာကို ကျပ် ၉၀၀၀၊ ၁၀၀၀၀ ဖြင့် ရောင်းချကြကြောင်း သိရသည်။

 

စက်သုံးဆီ ပြတ်လပ်မှုသည် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ကြုံတွေ့နေရပြီး တစ်နေ့ထက် တစ်နေ့ ပိုမိုဆိုးရွားလာကာ အဆိုပါ စက်သုံးဆီ ပြတ်လပ်မှုသည် ပြီးခဲ့သည့် ဇူလိုင်လ (၂၇)ရက်မှ စတင် လာခဲ့ကြောင်း သိရပါသည်။