နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ကားလမ်းမကြီးများအား TNLA မြောင်းတူးပြီး ဖြတ်တောက်ထား

နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ကားလမ်းမကြီးများအား TNLA မြောင်းတူးပြီး ဖြတ်တောက်ထား

Hsan Loi Editor
16/08/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း TNLA + တော်လှန်ရေးအင်အားစုများ နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာ ဆက်လက်ဖြစ်ပွားကြောင်း သိရသည်။

ယနေ့ ဩဂုတ်လ (၁၆) ရက်နေ့ နံနက်အစောပိုင်းတွင် နောင်ချိုမြို့နယ် တောင်လှကျေးရွာအတွင်း အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သလို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ စစ်ကောင်စီဘက်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင်း ပြည်သူလူထုနေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်။

ဒါ့အပြင် စစ်ကောင်စီ​၏လမ်းကြောင်းများအားဖြတ်တောက်ရန်ဟုဆိုပြီး ပြင်ဦးလွင်-နောင်ချိုလမ်း အင်ဝိုင်းသကြားစက်ရုံအနီးတွင် TNLA ဘက်က စက်ကြီးများဖြင့် မြောင်းတူးပြီး လမ်းဖြတ်တောက်ထားကြောင်း သတင်းရရှိသည်။