နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ထိုင်းဝန်ကြီးချုပ် Mr.Srettha ရာထူးမှ ဖယ်ရှားခံရ

ထိုင်းဝန်ကြီးချုပ် Mr.Srettha ရာထူးမှ ဖယ်ရှားခံရ

Hsan Loi Editor
14/08/2024
Share:

 

၂၀၂၄ ခုနှစ် မေလတွင် ၀န်ကြီးချုပ်ရုံးဝန်ကြီးအဖြစ် မစ္စတာ Pichit ကို ခန့်အပ်မှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်မှုမြောက်တာကြောင့် ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ၀န်ကြီးချုပ် Mr.Srettha ကို ယနေ့ဩဂုတ်လ(၁၄)ရက်မှာ ရာထူးမှ ဖယ်ရှားလိုက်ကြောင်း သိရပါသည်။

 

မစ္စတာ Pichit Chuenban ကို ရာထူးခန့်အပ်တဲ့ ကိစ္စဟာ မရိုးသားတဲ့ ရည်ရွယ်ချက်ရှိတယ်လို့ ရုံးတော်က သုံးသပ်ပြီး တရားသူကြီးတွေက ၅-၄ မဲနဲ့ ကန့်ကွက်ဖယ်ရှားခဲ့တာဖြစ်ကြောင်း သိရသည်။

 

ထိုင်းနိုင်ငံရဲ့ ၃၀ ဦးမြောက် ဝန်ကြီးချုပ် Mr. Srettha ကို ရာထူးမှ ဖယ်ရှားလိုက်ခြင်းကြောင့် လုပ်ငန်းတာဝန်များ ရပ်ဆိုင်းရမှာဖြစ်ပြီး ၎င်း၏ အစိုးရအဖွဲ့လည်း ပျက်သွားပြီဖြစ်ကြောင်း ထိုင်းသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

 

အိမ်စောင့်အစိုးရအဖွဲ့ဝင်များက ၎င်းတို့၏တာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ အိမ်စောင့်ဝန်ကြီးချုပ်ဖြစ်လာရန် မျှော်လင့်ထားသည့် ဒုတိယဝန်ကြီးချုပ် Phumtham Wechayachai သည် လက်ရှိတွင် ကာဇက်စတန်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာနေပြီဖြစ် ကြောင်း သိရှိရပါသည်။