အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့(NDAA)တည်ထောင်သူ သျှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄)ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဥက္ကဌကြီး ဦးစိုင်းလင်း သည် ၂၀၂၄ ခုနှစ် ဩဂုတ်လ(၇)ရက်နေ့က ဘဝတစ်ပါးသို့ ကွယ်လွန်အနိစ္စရောက်ခဲ့သည်။
ဦးစိုင်းလင်း ကွယ်လွန်အနိစ္စရောက်ခြင်းနှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၇)၏ မဟာမိတ်အဖွဲ့- 7 EAO Alliance ကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာကို ဩဂုတ်လ(၁၁)ရက်နေ့တွင် ပေးပို့ခဲ့သည်။
ဦးစိုင်းလင်း ဈာပနအခမ်းအနားကို ဩဂုတ်လ(၂၃)ရက်နေ့တွင် မိုင်းလားမြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ဈာပနအခမ်းအနားကာလအတွင်း ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် သျှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ ၄ ၊ မိုင်းခတ်-မိုင်းယန်း-မိုင်းလား လမ်းပိုင်း မိုင်းလားမြို့အဝင်ကို ဩဂုတ်လ(၃၀)ရက်နေ့အထိ ပိတ်ထားမည်ကြောင်း သတင်းရရှိသည်။
