နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မြန်မာတစ်နိုင်ငံလုံးတွင် စက်သုံးဆီ ပြတ်လပ်မှု အခြေ အနေဆိုးရွားမှုကြောင့် ညအိပ်စောင့်ဆိုင်းပြီး တန်းစီဝယ်ယူနေရ 

မြန်မာတစ်နိုင်ငံလုံးတွင် စက်သုံးဆီ ပြတ်လပ်မှု အခြေ အနေဆိုးရွားမှုကြောင့် ညအိပ်စောင့်ဆိုင်းပြီး တန်းစီဝယ်ယူနေရ 

Hsan Loi Editor
13/08/2024
Share:

 

မြန်မာတစ်နိုင်ငံလုံးတွင် စက်သုံးဆီ ပြတ်လပ်မှု အခြေအနေဆိုးရွားနေပြီး ရန်ကုန်နှင့် မန္တလေးရှိ ဆီဆိုင်များရှေ့တွင် ညအိပ်စောင့်ဆိုင်းပြီး စက်သုံးဆီ တန်းစီဝယ်ယူနေရသည်အထိ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

 

အလားတူ နေပြည်တော်နှင့် မန္တလေးမှ ပြည်သူများကလည်း စက်သုံးဆီ ရရှိရန် နံနက်အစောကြီးထ၍ ဆီဆိုင်ရှေ့ တန်းစီနေရကြောင်း၊ ဆီဆိုင်များက နာရီအနည်းငယ်သာ ရောင်းချပေးပြီး ဆီကုန်သွားပြီဟု ပြောဆိုနေသည့်အတွက် ပြင်ပ မှောင်ခို ဆီဆိုင်များထံမှ ဆီဝယ်ယူသုံးစွဲနေရကြောင်း ပြောဆိုသည်။

 

မန္တလေးမြို့မှာတော့ အပြင်ဆိုင်မှာ ဆီ(၁)လီတာ ကို အနည်းဆုံး ကျပ် ၅၀၀၀ ကနေ ၈၀၀၀ ၊ ကျပ် ၁၀၀၀၀ လောက်အထိ ပေးဝယ်ရသည်ဟု မန္တလေးမြို့နေ ပြည်သူတစ်ဦးထံမှသိရသည်။

 

အလားတူ တောင်ကြီးမြို့တွင်လည်း စက်သုံးဆီများကို နေ့စဉ် တန်းစီ ဝယ်ယူနေရပြီး ဆီဆိုင်များကလည်း စက်သုံးဆီများကို နေ့စဉ် အကန့်အသတ်ဖြင့်သာ ရောင်းချနေကြကြောင်း သိရသည်။

 

” ဒီနေ့မနက် (ဩဂုတ်လ ၁၃ရက်) အေးသာယာမှာတော့ တန်းစီစရာမလိုဘူး၊ ဈေးတော့နည်းနည်းပိုပါမယ်၊ ပြီးတော့ လိုသလောက်ထည့်လို့ရတယ်လို့ တောင်ကြီးဒေသခံက ပြောပါသည်။

 

ဒီကနေ့မနက်ပိုင်းမှာ တောင်ကြီးအထွက် ကန်ကြီးရပ်ကွက် ကျောက်တလုံးလမ်းရှိ BOC မှာ တန်းစီစောင့်ဆိုင်း ဝယ်ယူနေကြကြောင်း သိရသည်။

 

မြို့ပေါ်ကဆီဆိုင်တွေ ဝယ်မရရင် ကရင်မရေထွက် ဘက်က ပလီလင်းရွာမှာ သွားထည့်လို့ရတယ်၊ ဈေးလည်းသက်သာသလို တန်းစီစရာမလိုဘူးလို့ ကိုယ်တိုင် သွားဝယ်ထည့်လာသူတစ်ဦးက Hsan Loi Voice ကိုပြောပါသည်။

 

ပြီးခဲ့သည့် ဇူလိုင်လ(၂၇)ရက်နေ့ မှစတင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စက်သုံးဆီ ပြတ်လပ်မှု များ စတင်ဖြစ်‌ပေါ်ခဲ့ရာ ဆီပန့်ဆိုင်များတွင် နံနက်ပိုင်းသာ စက်သုံးဆီများကို အကန့်အသတ်ဖြင့်သာ ဝယ်ယူရရှိနိုင်ပြီး အများစုသော အချိန်များတွင် စက်သုံးဆီများ ပြတ်တောက်နေကြောင်း သိရှိရပါသည်။