သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တောင်ကြီးမြို့ မဟာယန တရုတ်ဘုံကျောင်းတွင် လာရောက်ခိုလှုံနေသော စစ်ဘေးရှောင်များအား မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဩဂုတ်လ (၁၇) ရက်နေ့ နောက်ဆုံးထားပြီး ရွေ့ခိုင်းထားဟုဆို

တောင်ကြီးမြို့ မဟာယန တရုတ်ဘုံကျောင်းတွင် လာရောက်ခိုလှုံနေသော စစ်ဘေးရှောင်များအား မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဩဂုတ်လ (၁၇) ရက်နေ့ နောက်ဆုံးထားပြီး ရွေ့ခိုင်းထားဟုဆို

Hsan Loi Editor
11/08/2024
Share:

 

သျှမ်းပြည်နယ်အစိုးရ၏ ညွှန်ကြားမှုဖြင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က သျှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲကြောင့် တောင်ကြီးမြို့ မဟာယနတရုတ်ဘုံကျောင်းထံတွင် တိမ်းရှောင်ခိုလှုံနေသော သျှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးရှောင်များအား ဩဂုတ်လ (၁၇) ရက်နေ့ နောက်ဆုံးထားပြီး နေရာပြောင်းရွေ့ခိုင်းထားကြောင်း သိရသည်။

 

“မြို့နယ်အုပ်ချုပ်ရေးဘက်ကတော့ ဩဂုတ်လ(၁၇)ရက်နေ့ နောက်ဆုံးထားပြီး တောင်ကြီးမြို့ မဟာယန တရုတ်ကျောင်းမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေကို ရွေ့ခိုင်းထားတယ်။ ဘယ်နေရာကို ပြောင်းရွေ့ရမယ်ဆိုတာတော့ မပြောဘူး အဆင်ပြေတဲ့နေရာရွေ့ပေးဖို့ပဲပြောပါတယ်။ ဘာလို့လဲဆိုတော့ မဟာယနကျောင်းက ပရဟိတ လူမှုကူညီရေးလုပ်ငန်း လုပ်ဆောင်နေတဲ့ နေရာမဟုတ်တဲ့အတွက်လို့ပြောပါတယ်။ မဟာယနမှာ ရောက်ရှိခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေကတော့ စုစုပေါင်း (၁၅၀) ကျော်ရှိပါတယ်။ နေ့စဉ် စားဝတ်နေရေးနဲ့ အိပ်ဖို့နေရာကို မဟာယနကျောင်းက တာဝန်တွေက စီစဉ်ထားပေးတော့ အဆင်ပြေပါတာပေါ့နော်။” ဟု တောင်ကြီးမြို့ စစ်ဘေးရှောင်များကို ကူညီမှုလုပ်ငန်း ဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောပြသည်။

 

“ကျမတို့ကို မဟာယနမှာ ဆက်မထားတော့ဘူးလို့ မနေ့က(ဩဂုတ်လ ၁၀) ရက်နေ့က ပြောတာပေါ့နော်။ မနေ့ကတည်းက မဟာယနမှာ ရှောင်နေကြတဲ့သူတွေလည်း နီးစပ်ရာ ဘုန်းကြီးကျောင်းနဲ့ ခိုလှုံနိုင်တဲ့နေရာတွေကို ပြောင်းကြရတာပေါ့။ ဒါပေမယ့် ဒီအချိန်မှပြောင်းရတာဆိုတော့ ဘယ်လိုလုပ်အဆင်ပြေမလဲရှင့်။ တောင်ကြီးမှာ ရှိနေတဲ့စစ်ဘေးရှောင်စခန်းတွေမှာလည်း လူတွေပြည့်နေကြပြီဆိုတော့ ကျမတို့ကို လက်ခံပေးဖို့ အဆင်မပြေတဲ့အကြောင်း ပြောပါတယ်။ အိမ်ငှားနေရအောင်လည်း တောင်ကြီးမှာက အိမ်ငှားခအရမ်းဈေးကြီးတယ်လေနော်။ အခုထိတော့ ဘယ်မှာသွားနေရမလဲဆိုတာ လိုက်ရှာနေတုန်းပါပဲရှင့်။”ဟု လားရှိုးမှ စစ်ရှောင်လာသော စစ်ဘေးရှောင်တစ်ဦးကလည်း ပြောပြသည်။

 

မဟာယနတရုတ်ကျောင်းတွင် လားရှိုးမှ စစ်ရှောင်လာသော စစ်ဘေးရှောင် (၁၅၀)ဦးကျော်ခန့် လက်ခံကူညီထားသော နေရာဖြစ်ပြီး စစ်ဘေးရှောင်များအတွက် စားဝတ်နေရေးကိုပါ စီစဉ်ပေးထားခဲ့သည်။

 

#မဟာယနကျောင်းတွင် ခိုလှုံခဲ့သော စစ်ဘေးရှောင်များ၏ ပုံဖြစ်သည်။