နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မြောက်ဦးမြို့ပေါ် လူနေရပ်ကွက်အတွင်းသို့ စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ (၆) ဦးသေဆုံးပြီး ဒဏ်ရာရသူ (၁၀) ဦးရှိ

မြောက်ဦးမြို့ပေါ် လူနေရပ်ကွက်အတွင်းသို့ စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ (၆) ဦးသေဆုံးပြီး ဒဏ်ရာရသူ (၁၀) ဦးရှိ

Hsan Loi Editor
11/08/2024
Share:

 

ယမန်နေ့ ဩဂုတ်လ(၁၀)ရက်၊ မွန်းလွှဲ(၁၂)နာရီခွဲအချိန်တွင် အရပ်သားပြည်သူများနေထိုင်သည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ် လူနေရပ်ကွက်အတွင်းသို့ စစ်ကောင်စီက ဂျက်လေယာဉ်တစ်စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ (၆)ဦး သေဆုံးပြီး ဒဏ်ရာရသူ(၁၀) ဦးရှိကြောင်း AA သတင်းနှင့် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါသည်။

 

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် မြောက်ဦးဟိုတယ် အနီးအနားပတ်ဝန်းကျင်နှင့် လမ်းမပေါ်သို့ ကျရောက်ပေါက်ကွဲထိမှန်ခဲ့ပြီးအနှေးယာဉ် (တုတ်တုတ်) တစ်စီးပေါ်တွင် လိုက်ပါလာသော ခရီးသွားပြည်သူများနှင့် ၎င်းအနီးပတ်ဝန်းကျင်ရှိ အပြစ်မဲ့အရပ်သားပြည်သူ (၆) ဦး သေဆုံးခဲ့ပြီး (၁၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

 

ဩဂုတ်လ (၆) ရက်နေ့၊ ည (၂) နာရီခွဲအချိန်ခန့်ကလည်း အရပ်သားပြည်သူများကို ဆေးကုသပေးနေသော မြောက်ဦးမြို့ရှိ ဆေးရုံတစ်ခုအား စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

 

နိုင်ငံတစ်ဝန်းမှ တော်လှန်ရေးအဖွဲ့အစည်းများထိန်းချုပ်ထားသော တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာဒေသများရှိ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေးအဆောက်အအုံ၊ ဈေးများနှင့် လူနေထူထပ်သည့်နေရာများကို စစ်ကောင်စီသည် လေကြောင်းမှ ရော့ကတ်၊ ဖျက်အားပြင်းဗုံးများဖြင့် ကြဲချတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုများကိုဆက်တိုက် ကျူးလွန်လျက်ရှိကြောင်း သိရှိရပါသည်။