နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သီပေါမြို့မြောက်ဘက် နမ့်ပေါ့ချောင်းတစ်ဘက်ခြမ်း တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးကျလို့ အမျိုးသမီး (၁)ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရဟုဆို

သီပေါမြို့မြောက်ဘက် နမ့်ပေါ့ချောင်းတစ်ဘက်ခြမ်း တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးကျလို့ အမျိုးသမီး (၁)ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရဟုဆို

Hsan Loi Editor
11/08/2024
Share:

 

သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့မြောက်ဘက် နမ့်ပေါ့ချောင်းတစ်ဘက်ခြမ်း တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးကျလို့ အမျိုးသမီး(၁)ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရဟု ဒေသခံသတင်းရင်းမြစ်မှ သိရပါသည်။

 

ယနေ့ ဩဂုတ်လ(၁၀)ရက် နံနက်ပိုင်းအချိန်တွင်သီပေါမြို့နယ် ညောင်ပင်ကုန်း(အကျဥ်းထောင်) ဘက်ခြမ်းတွင် TNLA နှင့် စစ်ကောင်စီတပ် စကခ(၁) လက်အောက်ခံ ခမရ(၅၀၃၊ ၅၀၄)၊ ခလရ (၂၃)တို့နှင့် တတိုက်ပွဲဖြစ်ပွားခဲ့ပြီး သီပေါမြို့နယ် စံဖိတ်ရွာနှင့် အေရှားဝေါ တိုးဂိတ်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့‌ေကြာင်း PSLF/TNLA မှ ထုတ်ပြန်ထားပါသည်။

 

သီပေါ ညောင်ပင်ကုန်းအကျဉ်း‌ထောင်နား တိုက်ပွဲဖြစ်ပွားပြီး ထောင်ဝန်ထမ်းများထွက်ပြေးကာ အကျဉ်းသားများက ထောင်ဖောက်ထွက်ပြေးကာ လွှတ်မြောက်လာတဲ့ အကျဉ်းသား (၁၀၉)ဦးကို TNLA က ထိန်းသိမ်း‌ထားကြောင်း သိရသည်။

 

လက်ရှိအချိန်မှာ သီပေါမြို့ အဝင်ခဏပိတ်ထားပြီး နမ့်ပေါ့ချောင်းနှင့် မြို့တွင်း အခြေနေမစိုးရိမ်ရဘူးလို့ ဒေသခံတစ်ဦးထံမှ သိရပါသည်။

 

ယမန်နေ့ သြဂုတ်လ(၉)ရက်နေ့တွင်လည်း သီပေါမြို့ မိုင်တိုင် (၉)တွင် စစ်ကောင်စီတပ်မှ Y-12 လေယာဉ်ဖြင့် ဗုံး (၅၀)လုံး လာရောက်ပစ်ချ တိုက်ခိုက်ခဲ့‌ကြောင်း သိရှိရပါသည်။