သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မိုင်းလားတပ်ဖွဲ့ NDAA ဥက္ကဌ ဦးစိုင်းလင်း ၏ စျာပနအခမ်းအနားကို သြဂုတ်လ(၂၃)ရက်မှာ ကျင်းပသွားမည်ဟုဆို

မိုင်းလားတပ်ဖွဲ့ NDAA ဥက္ကဌ ဦးစိုင်းလင်း ၏ စျာပနအခမ်းအနားကို သြဂုတ်လ(၂၃)ရက်မှာ ကျင်းပသွားမည်ဟုဆို

Hsan Loi Editor
09/08/2024
Share:

 

သျှမ်းပြည်နယ်အရှေ့ပိုင်း၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့(NDAA)ကို တည်ထောင်သူ၊ အထူးဒေသ (၄)၏ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဥက္ကဌကြီး ဦးစိုင်းလင်း သည် လူကြီး ရောဂါဖြင့် သြဂုတ်လ(၇)ရက် ညပိုင်းအချိန်တွင် ၎င်း၏နေအိမ်မှာ ကွယ်လွန်သွားကြောင်း သိရပါသည်။

 

မိုင်းလားတပ်ဖွဲ့ NDAA ဥက္ကဌ ဦးစိုင်းလင်း ကွယ်လွန်ချိန်တွင် အသက်(၇၆)နှစ်ရှိပြီဖြစ်ကာ စျာပန အခမ်းအနားကိုတော့ သြဂုတ်လ(၂၃)ရက်နေ့တွင် မိုင်းလားမြို့မှာ ကျင်းပသွားမည်ဖြစ်ကြောင်း မိုင်းလားဒေသ မီဒီယာဖြစ်တဲ့ SR4 News Agency မှ ဖော်ပြထားပါသည်။

 

မိုင်းလားဒေသတစ်ခုလုံးရှိ တိုင်းရင်းသားလူမျိုးစု ပြည်သူတစ်ရပ်လုံး၏ အောင့်မေ့သတိရခြင်း၊ ဝမ်းနည်းခြင်း အထိမ်းအမှတ်ကာလကို ဩဂုတ်လ(၁၀)ရက်နေ့မှ စတင်သတ်မှတ်မည်ဖြစ်ကာ ထိုကာလအတွင်း အထူးဒေသ၏ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းကာကွယ်နိုင်ရန်အတွက် ဒေသ ပြင်ပဌာန(သို့)တစ်ဦးတစ်ယောက်ချင်းစီတိုင်းအနေဖြင့် ဒေသတွင်းသို့ဝင်ရောက်လိုပါက အထူးဒေသ (၄) ရဲဌာနသို့ အသိပေးတင်ပြပြီး သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ရမည်ဖြစ်ပြီး ၎င်းစီမံချက်မှာ လူစီးဆင်းသွားလာမှုကိုသာ ထိန်းချုပ်နိုင်ရန်ဖြစ်ကာ ကုန်စည်စီးဆင်းမှုကို သက်ရောက် မှု ရှိစေမည် မဟုတ်ဘူးလို့ မိုင်းလားဒေသတွင်း မီဒီယာ မှ ဖော်ပြထားပါသည်။

 

NDAA ဥက္ကဌ ဦးစိုင်းလင်းသည် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) ၈၁၅ စစ်ဒေသ၏ တပ်မှူးတစ်ဦး ဖြစ်ခဲ့ပြီး ၁၉၈၉ ခုနှစ်၊ ဧပြီ(၁၉) ရက်တွင် ဗကပမှ ခွဲထွက်ပြီး NDAAကို တည်ထောင်ကာ သျှမ်းပြည်အရှေ့ပိုင်း မြန်မာ-တရုတ်နယ်စပ်ရှိ မိုင်းလား၊ ဆီလူး၊ နမ့်ပန်းဒေသများကို အထူးဒေသ(၄) အဖြစ် ထိန်းချုပ်ပြီး စစ်တပ်နှင့် အပစ်အခတ်ရပ်စဲတာ နှစ်ပေါင်း(၃၅)နှစ် ရှိပြီဖြစ်ကြောင်း သိရသည်။